သောက်လက်စ ဆေးလိပ်တို မေ့ကျန်ခဲ့ရာမှ Honda Fit တစ်စီး မီးလောင်မှုဖြစ်

(မှုခင်း) စက်တင်ဘာ ၁၁

မန္တလေးမြို့တိုင်းဒေသကြီး၊ချမ်းအေးသာစံမြို့နယ်၊အောင်နန်းအရှေ့ရပ်ကွက်တွင် သောက်လက်စ ဆေးလိပ်တို မေ့ကျန်ခဲ့ရာမှ မော်တော်ယာဥ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ(၁၁)ရက် နံနက်၅နာရီ၄၅မိနစ်က ချမ်းအေးသာစံမြို့နယ်၊အောင်နန်းအရှေ့ရပ် ကွက်၊အကွက်အမှတ်(၅၅၆) ၊(၃၄) လမ်း၊(၈၀×၈၁)လမ်း ကြားရှိ နေအိမ် ရှေ့တွင် ရပ်ထားသည့် Honda Fit အဖြူရောင်ယာဥ် ရှေ့ခေါင်းခန်းအတွင်း အိမ်စောင့်လုပ်သားတစ်ဦးဖြစ်သည့်ပြေတီဥိိီး (၁၉)နှစ်သည် သန့်ရှင်းရေးလုပ်စဥ် သောက်လက် စ ဆေးလိပ်တိုမေ့ကျန်ခဲ့ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ကား ဒက်ဘုတ် ထိုင်ခုံ၊ လေကာမှန်၊ အင်ဂျင်ခန်းတို့ ပျက်စီးဆုံးရှုံးခဲ့ရပြီးမီးပေါ့ဆသူမောင်ပြေတီဥိိီး (၁၉)နှစ် အိမ်စောင့်လုပ်သားအား အမှတ် ၈ မြို့မရဲစခန်းတွင် ပုဒ်မ၂၈၅ဖြင့်ဥပဒေအရအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။