တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်အနီး ဒရုန်းပေါက်ကွဲမှုဖြစ်ပြီး လေယာဉ်များ မူလလေဆိပ်သို့ ပြန်လည်ဆင်းသက်

(ပြည်တွင်း) စက်တင်ဘာ ၁၀

မန္တလေးမြို့ရှိ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ယနေ့ စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းတွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် တံတားဦးလေဆိပ်သို့ ဆင်းသက်ရန် ပျံသန်းလာသည့် လေယာဉ်များသည် မူလပျံတက်လာသည့် လေဆိပ်များသို့ ပြန်လည်ဆင်းသက်၍ ရပ်နားနေရကြောင်း သိရှိရသည်။

ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုအတွင်း တံတားဦးလေဆိပ်ရှိ အဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိကြောင်း စုံစမ်းသိရှိရပြီး လေဆိပ်အနီးဝန်းကျင်တွင်သာ ဒရုန်းကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

တံတားဦးလေဆိပ် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကို အတိအကျ မသိရှိရသေးသော်လည်း တံတားဦးလေဆိပ်သို့ ဆင်းသက်မည့် လေယာဉ်များအားလုံး မူလပျံတက်ရာ လေဆိပ်များတွင် ပြန်လည်ဆင်းသက်ရပ်နားနေရကြောင်း သိရှိရသည်။

Telegram – t.me/positiveanglenews

#PAN