သထုံတွင် ဆိုင်ကယ်နှင့် ကားတိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံး

(မှုခင်း) စက်တင်ဘာ ၁၀

မွန်ပြည်နယ်၊ သထုံမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်း‌တွင် ဆိုင်ကယ် နှင့် ကားတိုက်မိမှုဖြစ်ပွားခဲ့ရာမှ ဆိုင်ကယ်မောင်းသူသေဆုံးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၉နာရီအချိန်ခန့်က သထုံမြို့၊ MAX ဆီဆိုင်အနီးတွင် အသက် ၇၂ နှစ်အရွယ်မောင်းနှင်လာသည့်ဆိုင်ကယ်သည် ဆီထည့်ရန် ဆီဆိုင်အရောက် ကွေ့ဝင်လိုက်ရာ ရန်ကုန်ဘက်မှ လာသော မော်တော်ယာဥ်နှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ယာဉ်မောင်းမှာ မျက်ရိုးကွဲ၊ နောက်စေ့ပွင့်၊ ခါးစောင်းပွန်းပဲ့ နံရိုးကျိုး ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ၊ သေဆုံးသူ၏ရုပ်အလောင်းအား သထုံပြည်သူ့ဆေးရုံသိုု လူမှုကူညီရေးအသင်းယာဥ်ဖြင့် ပို့ဆောင်ပေးထားကြောင်းသိရသည်။

Telegram – t.me/positiveanglenews

#PAN