ဇမ္ဗူသီရိတွင် ရေငန်းဆည်အတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံး

(မှုခင်း) စက်တင်ဘာ ၉

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ မြမြင့်မိုရ်လမ်းရှိ ရေငန်းဆည်အတွင်း စက်တင်ဘာ ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က အမျိုးသားတစ်ဦး ရေနစ်နေကြောင်း သတင်းရရှိသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်သတင်းရရှိသဖြင့် ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းနှင့် ဗလသိဒ္ဓိနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ် ၂ စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မွန်းလွဲ ၁ နာရီ ၁၈ မိနစ်တွင် ရေနစ်နေသည့် အမျိုးသားတစ်ဦးကို သေဆုံးလျက် တွေ့ရှိခဲ့ပြီး စိုးမိုးသူပရဟိတလူမှုကူညီရေးအသင်းယာဉ်ဖြင့် ကုတင် ၁,၀၀၀ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN