(မှုခင်း) စက်တင်ဘာ ၃
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၂/၀ အနီးနေပြည်တော်မှ ရန်ကုန်ဘက်သို့ သွားလာသည့် အပြန်လမ်းတွင် ယာဥ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၃ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် နေပြည်တော်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် Mitsubishi Canter ယာဉ်သည် မိုင်တိုင် ၃၂/၀ အရောက်၌ ရှေ့ယာဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ဖြတ်ကျော်ကာ အပြန်ဘက်ယာဉ်ကြောသို့ ရောက်ရှိရပ်တန့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် ကျား ၄ ဦး၊ မ ၃ ဦး စုစုပေါင်း ၇ ဦး လိုက်ပါခဲ့ပြီး ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများ အနေဖြင့် မိမိယာဉ်၏ ကြံ့ခိုင်မှုအား လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးရန်၊ လူအားလုံးထိုင်ခုံခါးပတ်ပတ်ရန်၊ သတ်မှတ်လူဦးရေထက်ပိုမတင်ရန်၊ယာဉ်အမျိုးအစား အလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းကြရန်၊ မှန်လုံခရီးသည် တင်ယာဥ်ကြီးများ 90 km/hr၊ လူစီးယာဥ်ငယ်များမှာ 100 km/hr ၊ ကုန်တင်ယာဥ်+ပစ်ကပ်ယာဥ်များ မှာ 60km/hr နှုန်းအောက်၌သာမောင်းနှင်ကြပါရန် သတိပေးအပ်ထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN