နိုင်ငံတော်သမ္မတနှင့် ဇနီး ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်

(ပြည်တွင်း) စက်တင်ဘာ ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ဗီယက်နမ်နိုင်ငံသမ္မတနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည်ဖြစ်သည့်အပြင် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

ထို့အပြင် ဗီယက်နမ်နိုင်ငံရှိ စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကို လက်ခံတွေ့ဆုံသွားမည်ဖြစ်ပြီး မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဗီယက်နမ်နိုင်ငံရှိ ဒီဂျစ်တယ်နည်းပညာနှင့် စက်မှုလုပ်ငန်းများကို သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရသည်။

#PAN