ဆီဘောက်ဆာယာဉ်နှင့် ကွန်တိန်နာယာဉ်တို့ မျက်နှာချင်ယာဥ်တိုက်မှုဖြစ်ပွား

(မှုခင်း) စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ယာဥ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက်၅နာရီ၅၅မိနစ်အချိန်က တောင်ငူမြို့နယ်၊အမှတ်(၉)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ရန်ကုန်မှ မန္တလေးသို့မောင်းနှင် လာသော ဆီဘောက်ဆာယာဉ်နှင့် မန္တလေးမှ ရန်ကုန်သို့မောင်းနှင်လာသော ကွန်တိန်နာယာဉ်တို့ တိုက်မှုဖြစ်ပွားပြီး ဆီဘောက်ဆာယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်သည့်နေရာသို့ တောင်ငူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက်၇နာရီ ၄၀ မိနစ်အချိန်မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။

#PAN