(ပြည်တွင်း)အောက်တိုဘာ ၁၈
မွန်ပြည်နယ်၊ မုဒုံမြို့၊ မုဒုံ-မော်လမြိုင်ကားလမ်းပေါ်ရှိ မုဒုံတိုးဂိတ်ကို ကုန်တင်ကားမှ ဝင်တိုက်ပွားခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်က မုဒုံ-မော်လမြိုင်ကားလမ်းပေါ်ရှိ မုဒုံ တိုးဂိတ်တွင် ကုန်တင်ကားမှာ ဘရိတ်ပေါက်ပြီး ငွေကောက်ခံသည့် ဂိတ်နှင့် Light Truckယာဥ်တို့အား ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါယာဉ်တိုက်မှုကြောင့် တိုးဂိတ်နှင့် Light Truck ယာဉ်အပါအဝင် ယာဉ်နှစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN