သီပေါမြို့နယ်တွင် တောင်ကျရေများ အရှိန်ပြင်းစွာ စီးဝင်မှုကြောင့် ရေထိန်းနံရံများပြိုကျ၍ နေအိမ်ပျက်စီးမှုများဖြစ်ပေါ်

(ပြည်တွင်း) ဩဂုတ် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်အတွင်းရှိ ဇာတ်စု၊ညောင်ကိုးပင်ရပ်ကွက်များ အတွင်းသို့ ဖြတ်သန်းစီးဆင်းသည့်နမ်ပေါ့၊ မြို့လယ်ချောင်းများအတွင်းသို့ တောင်ကျရေများ အရှိန်ပြင်းစွာ စီးဝင်လာမှုကြောင့် ရေထိန်းနံရံပြိုကျပြီး နေအိမ်များ ပျက်စီးမှုများရှိကြောင်း သိရသည်။

သီပေါမြို့နယ်နှင့် အထက်ပိုင်းတွင် ဩဂုတ်လ ၈ ရက်နေ့ ညပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ်ပေါ့၊ မြို့လယ်ချောင်းများအတွင်းတောင်ကျရေများ စီးဝင်ခဲ့ပြီး ချောင်းကမ်းပါးနံရံများ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တောင်ကျရေများ အရှိန်ပြင်းစွာ စီးဝင်မှု‌ေကြာင့် ရေထိန်းနံရံများ ပြိုကျခဲ့ပြီး ရေစီးကြောင့် ဇာတ်စုနှင့်ညောင်ကိုးပင် ရပ်ကွက်များရှိ ချောင်းကမ်းပါးနှင့် ကပ်လျက် ဆောက်လုပ်ထားသည့် နေအိမ်တချို့အပါအဝင် နေအိမ်ငါးလုံးခန့်ပျက်စီးခဲ့ပြီး လူအသေအပျောက် မရှိ ကြောင်း ဒေသခံများထံမှ သိရသည်။