လေးမျက်နှာမြို့နယ်အတွင်း ဆက်သွယ်ရေးရရှိစေရန်အတွက် B2B satellite terminal ၂ စုံနှင့် Call on wheel (COW) ရွေ့လျားမိုဘိုင်းကားတပ်ဆင်ထားရှိ

(ပြည်တွင်း)သြဂုတ် ၄

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ငဝန်ရေ ကာတာ မိုင်တိုင်အမှတ် ၂၅/၃ အနီးတွင် ငဝန် ရေကာတာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ တူးပေါက်၍ ရေဖြတ်သန်း စီးဆင်းမှုကြောင့် တာတမံ နိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်း ဖြစ်ပွားခဲ့ခြင်းကြောင့် ဆက်သွယ်ရေးရရှိစေရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးချုပ်မှ ပေးပို့သော B2B satellite terminal ၂ စုံ နှင့် Call on wheel (COW) ရွေ့လျားမိုဘိုင်းကားတပ်ဆင်ထားရှိကြောင်းသိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးချုပ်မှ ပေးပို့သော B2B satellite terminal ၂ စုံ အားလေးမျက်နှာမြို့နယ် စာရေးကွင်းအုပ်စု စစ်ကွင်းဘုန်းကြီးကျောင်း ကယ်ဆယ်ရစခန်းတွင် တစ်စုံ၊ လေးမျက်နှာမြို့နယ် သခွပ်ချောင်းကျေးရွာအုပ်စု ဆိတ်နို့ ကုန်းကျေးရွာတွင် တစ်စုံ တပ်ဆင်ထားရှိပြီး Call on wheel (COW) ရွေ့လျားမိုဘိုင်းကားအား စာရေးကွင်းတွင်တပ်ဆင်ထားရှိပြီး MPT အသုံး ပြုသူများသည် စက်၏တစ်မိုင်ခွဲပတ် လည်အတွင်း ဖုန်းပြောနှင့် data အား ယနေ့ညနေပိုင်းတွင်စတင်အသုံးပြုနိုင်မည်ဟုသိရသည်။

ငဝန်မြစ်ရေဝင်ရောက်သဖြင့် ယာယီပိတ်ထားသော လေးမျက်နှာမြို့နယ်အတွင်းရှိ မိုဘိုင်းစခန်း များအား‌ ရေကျဆင်းပါကဆက်သွယ်မှုပြန်လည်ရရှိစေရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

t.me/positiveanglenews