(မှုခင်း)ဩဂုတ် ၅
ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့တွင် ဘုန်းကြီးတစ်ပါးဓားခုတ်ခံရပြီး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
ဩဂုတ် ၃ရက်နေ့ ည ၁၁ နာရီအချိန််််ခန့်က ပဲခူးမြို့ မဇင်းရပ်ကွက်ရှိ အောင်သိုက်ကန်ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေသည့် ဦးမာဏိတ (ခ) မျိုးဇော်သည် အရက်သောက်မူးယစ်နေပြီး ဓားကိုင်သောင်းကျန်းနေသဖြင့် သက်တော် (၇၆) နှစ်အရွယ်ရှိ့် ဦးနန္ဒဝံသက ဝင်ရောက်ထိန်းပေးစဉ် စကားများရာမှ ထင်းခုတ်ဓားဖြင့် ခုတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဓားခုတ်ခံရသူ ဦးနန္ဒဝံသသည် ဦးခေါင်း၊ လည်ဂုတ်၊ ပုခုံးနှင့် လက်တို့၌ ပြတ်ရှဒဏ်ရာများ ရရှိခဲ့သဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ခဲ့ရာ ဒဏ်ရာပြင်းထန်သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ကုသရန် စီစဉ်ခဲ့သော်လည်း ယနေ့ နံနက် ၂ နာရီခွဲခန့်တွင် လမ်းခရီး၌ ရရှိထားသော ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဓားဖြင့်ခုတ်ခဲ့သူ ဦးမာဏိတ (ခ) မျိုးဇော်ကို မြို့နယ်သံဃနာယကအဖွဲ့၏ ဆောင်ရွက်မှုဖြင့် လူဝတ်လဲစေခဲ့ပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews
#PAN