(မှုခင်း) ဇူလိုင် ၂၈
နေပြည်တော်၊ ပျဉ်းမနားနယ်၊ ကံဦးအုပ်စု၊ သပြေလှကျေးရွာ၊သပြေလှဘုန်းကြီးကျောင်းရှေ့၊ ရန်ကုန်-မန္တလေးကားလမ်းဘေး ညောင်ပင်အောက်တွင် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် လဲကျနေကြောင်း သိရသည်။
ယနေ့ နံနက်၇နာရီအချိန်ခန့်က ရန်ကုန်-မန္တလေးကားလမ်းဘေး သပြေလှဘုန်းကြီးကျောင်းရှေ့ညောင်ပင်အောက်တွင် ဇမ္မူသိရိမြို့နယ် ၊အောင်ဇမ္ဗူရပ်ကွက်၊နယ်မြေ(၁၁)တွင်နေထိုင်သူ ဘိုဘိုနိုင်၊၃၁နစ်၊(ဘ)ဦးညွန့်မောင် သည် ဦးခေါင်းနှောက်စေ့တွင် ဒဏ်ရာများဖြင့်လဲကျနေသဖြင့် လူများဝိုင်းကြည့်နေသည့်ကို တစ်ရပ်ကွက်တည်းနေ အမျိုးသမီးတစ်ဦးမှ တွေ့မြင်သဖြင့် ဘိုဘိုနိုင် ၏ အစ်မဖြစ်သူအား သွားရောက်အသိပေးခဲ့သည်။

ထို့နောက် အမဖြစ်သူမှ ဘိုဘိုနိုင် အား နေအိမ်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ နံနက်၇နာရီခွဲ နာရီခန့်တွင် နေအိမ်၌ သေဆုံသွားခဲ့သဖြင့် ပျဉ်းမနားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ပြီး ပျဉ်းမနားမြို့မရဲစခန်းတွင် ဓမ္မတာအတိုင်း သေဆုံခြင်းဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နိုင်ရေး သေမှုသေခင်းဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram -t.me/positiveanglenews
#PAN