ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယာဉ်တိုက်မိမှုဖြစ်ပွားရာ ယာဥ်မောင်းသေဆုံး

(မှုခင်း) ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဝါးရင်းတုတ်ကျေးရွာအနီး၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယနေ့ညနေ၅နာရီခွဲအချိန်က ယာဉ်တိုက်မိမှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဥ်တိုက်မှုဖြစ်ပွာရာ နေရာသို့ ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းနှင့် ယင်းတော်နယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်း အမျိုးသား၁ဦး သေဆုံးခဲ့ပြီး သေဆုံးသူ၏ရုပ်အလောင်းအား ယင်းတော်ရွာမ ပရဟိတကြယ်ပွင့်လေးများအသင်းမှ သူနာတင်ယာဉ်ဖြင့် ပျော်ဘွယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN