အမေရိကန်-အီရန် ကြားကာ လငြိမ်းချမ်းရေးသဘောတူညီချက် ပျက်ပြား၊ အီရန်ဆိပ် ကမ်းများကို အမေရိကန် ပိတ် ဆို့ပြီး စစ်ရေးပစ်မှတ်များကို အပြင်းအထန် တိုက်ခိုက်

(နိုင်ငံတကာ) ဇူလိုင် ၁၅

    အမေရိကန်နှင့် အီရန်တို့ကြား လွန်ခဲ့သည့်လက လက်မှတ်ရေးထိုးခဲ့သော ကြားကာလငြိမ်းချမ်းရေး သဘောတူညီချက် (MoU)မှာ တရားဝင် ပျက်ပြားသွားပြီဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အပြန်အလှန် စစ်ရေးတုံ့ပြန်မှုများကြောင့် ပဋိပက္ခမှာ ထိန်းချုပ်မရနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီး အမေရိကန်ဘက်က အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့မှု ပြန် လည်စတင်လိုက်သလို၊ အီရန်၏ အဓိက အခြေခံအဆောက် အအုံများကိုပါ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။

  အမေရိကန်စစ်တပ်၏ ဗဟိုကွပ်ကဲရေးဌာန (CENTCOM) သည် အင်္ဂါနေ့ညမှစတင်ကာ အီရန်ဆိပ်ကမ်းများနှင့် ကမ်းရိုး တန်းဒေသများသို့ ဝင်ထွက်သွားလာနေသည့် သင်္ဘောများကို ပိတ်ဆို့လိုက်ကြောင်း ကြေညာသည်။ ဤလုပ်ရပ်သည် အီရန်၏ စီးပွားရေးသွေးကြောများကို ဖြတ်တောက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

     ထို့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အီရန်အပေါ် တိုက်ခိုက်မှုများကို “မိမိကိုယ်တိုင် တော်ပြီဟု မပြောမချင်း ရပ်တန့်မည်မဟုတ်” ဟု ပြတ်သားစွာ သတိပေးထားသည်။ ပစ်မှတ်များတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ တံတားများနှင့် စစ်ရေးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများ ပါဝင်နေသည်။              

     အီရန်မီဒီယာများ၏ ဖော်ပြချက်အရ အဘာဒန်၊ မာရှာ၊ ကက်ရှ်မ်ကျွန်းနှင့် ကစ်ရှ်ကျွန်းတို့အပါအဝင် အီရန်တောင်ပိုင်းဒေသများတွင် ပေါက်ကွဲသံများ ဆက်တိုက်ကြားနေရပြီး တိုက်ခိုက်မှုဒဏ်ကို အလူးအလဲ ခံနေရသည်။               

   အီရန်၏ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC)ကလည်း တုံ့ပြန်သည့်အနေဖြင့် ကူဝိတ်၊ ဘာရိန်းနှင့် ဂျော်ဒန်နိုင်ငံများရှိ အမေရိကန် စစ်စခန်းများကို ဒုံး ကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုသည်။ ထို့အပြင် ဟော်မုဇ်ရေလက်ကြားအတွင်း ဖြတ်သန်းနေသည့် အမေရိကန်လိုလားသော သင်္ဘောနှစ်စင်းကိုလည်း တိုက် ခိုက်ဖျက်ဆီးခဲ့သည်။ ဤပဋိပက္ခသည် အီရန်နိုင်ငံအတွင်းပိုင်းသာမက ပင်လယ်ကွေ့ဒေသတစ်ခုလုံးသို့ ကူးစက်ပျံ့နှံ့နေပြီဖြစ်သည်။

အမေရိကန်သမ္မတ ထရမ့်သည် ဟော်မုဇ်ရေလက်ကြား ဖြတ် သန်းခွင့်အတွက် ၂၀ ရာခိုင်နှုန်း အခွန်ကောက်ခံမည့် အစီအစဉ်ကို ရုပ်သိမ်းလိုက်သော်လည်း၊ ယင်းအစား ပင်လယ်ကွေ့နိုင်ငံများနှင့် ပိုမိုတင်းကျပ်သော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များကို တည်ဆောက်ရန် ပြင်ဆင်နေသည်။                   
​ အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇမ် ဂါရီဘာဘာဒီကမူ “အမေရိကန်၏ ပိတ်ဆို့မှုများသည် အီရန်ကို ညှိနှိုင်းမှုစားပွဲဝိုင်းသို့ ပြန်ခေါ်နိုင်မည်ဟု ယူဆပါက ကြီးမားသော အမှားတစ်ခုသာ ဖြစ်လိမ့်မည်” ဟု တုံ့ပြန်ထားသည်။ အီရန်အနေဖြင့် သဘောတူညီချက်အရ မည်သည့်တာဝန်မှ မရှိတော့ကြောင်းနှင့် ဆက်လက် ခုခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

     လေ့လာသူများကမူ ဤအခြေအနေသည် “အပြည့်အဝ စစ်ပွဲတစ်ခုဆီသို့ ဦးတည်သွားနေသည့် အန္တရာယ်ကြီးမားသော အခြေ အနေ” ဖြစ်ကြောင်းနှင့် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် အခွင့်အရေးများမှာ တစ်နေ့ထက်တစ်နေ့ လျော့ပါးလာနေကြောင်း သုံးသပ်ထားကြသည်။               

Telegram»…  https://t.me/positiveanglenews

#PAN