
(ပြည်တွင်း) ဇူလိုင် ၁၄
မြန်မာနိုင်ငံ၏ ဝါဂွမ်းစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို ခေတ်မီအဆင့်မြှင့်တင်ပြီး ပြည်ပတင်ပို့နိုင်သည့် အခြေ အနေအထိ ရောက်ရှိစေရန်အတွက် ပြည်တွင်း/ပြည်ပ ဈေးကွက် လိုအပ် ချက်များအပေါ် အခြေခံသည့် သုတေသနနှင့် စနစ်တကျ စီမံဆောင်ရွက်မှုများ လိုအပ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြား သည်။
ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့တော်ခန်းမတွင် ကျင်းပသည့် “ဝါဂွမ်းစိုက်ပျိုးမှုမှ အထည်အလိပ်လုပ်ငန်းဆီသို့” ဆွေးနွေးပွဲတွင် သမ္မတက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဝါဂွမ်းလုပ်ငန်းရှင်များနှင့် စိုက်ပျိုးသူများက ဝါမျိုးစေ့အရည် အသွေးမြင့်မားရေး၊ စိုက်ပျိုးရေးသွင်းအားစုများ၊ ခေတ်မီစက်ကိရိယာများ တင်သွင်းရေးနှင့် ချေးငွေရရှိရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးများကလည်း သက်ဆိုင်ရာဝန်ကြီး ဌာနများအနေဖြင့် အရင်းအနှီး၊ နည်းပညာနှင့် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးရေးအတွက် ကူညီပံ့ပိုးပေးမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
သမ္မတက လမ်းညွှန်မှာကြားရာတွင် ဝါဂွမ်းစိုက်ပျိုးမှုကို စိုက် ပျိုးဧက အတိအကျနှင့် စာရင်းဇယားမှန်ကန်စွာဖြင့် စနစ်တကျ လုပ်ဆောင်ရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။ မန္တလေး၊ မကွေး၊ စစ်ကိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် တည် ငြိမ်သော ဝါဂွမ်းစိုက်ဧရိယာများ ထိန်းသိမ်းရန်နှင့် အထွက်နှုန်းကောင်းမွန်အောင် ဆောင် ရွက်ရန် လိုအပ်သည်။
အရည်အသွေးမြင့် ဝါဂွမ်းမျိုးကွဲများ ရရှိရန်အတွက် ပြည် တွင်း၌ သုတေသနပြုခြင်းနှင့် ထုတ်လုပ်ခြင်းတို့ကို လုပ်ဆောင်နေသကဲ့သို့ ပြည်ပမှလည်း ဝါမျိုးကွဲများကို မှာယူတင်သွင်းနေကြောင်း ၎င်းက ဆိုသည်။ ပြည်တွင်း၌ တီထွင်ထားသည့် ဝါမျိုးကွဲများ၏ ထုတ်လုပ်မှုစွမ်းအား အပြည့်အဝရရှိရန် ကြိုးပမ်းရမည်ဖြစ်ပြီး အရည်အသွေး တည်ငြိမ်ကောင်းမွန်စေရန်အတွက် သုတေသနပြုခြင်း၊ အကဲဖြတ်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်သည်။
ဝါဂွမ်းထုတ်လုပ်မှုတွင် ပြည်တွင်းလိုအပ်ချက်နှင့် ပြည်ပဈေး ကွက် ဝယ်လိုအားအပေါ် စနစ်တကျ သုတေသနပြုရန် လိုအပ်ကြောင်း သမ္မတက အလေးပေး ပြောကြားခဲ့သည်။
အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင်လည်း ဝါ ဂွမ်းလိုအပ်ချက်ရှိနေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အရည် အသွေးမြင့် ရေရှည်တည်တံ့သော ဝါမျိုးကွဲများကို တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေ ရှာဖွေပေးရန်နှင့် အမျိုးသားစီးပွားရေး မြှင့်တင်ရေးအတွက် အထောက်အကူပြုရန် လိုအပ်ကြောင်း သမ္မတက ထောက်ပြခဲ့သည်။
ယခင် နိုင်ငံပိုင် အထည်အလိပ်နှင့် အထည်ချုပ်စက်ရုံများ၏ လုပ်ငန်းများကို ပြန်လည်စတင်ရန်၊ ရက်ကန်းစက်များကို အဆင့်မြှင့်တင်ရန်နှင့် ခေတ်မီရက်ကန်းစက်များကို အသုံးပြုရန် လိုအပ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။ အထည် အလိပ်ထုတ်လုပ်မှုတွင် ပါဝင်သည့် ရက် ကန်းစက်ရုံများကို အဆင့်မြှင့်တင်ရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီး သီးတွင် နိုင်ငံတော်က အရင်းအနှီး ချေးငွေများ ထုတ်ချေးပေးမည်ဖြစ်သည်။
နိုင်ငံ၏ ဝါဂွမ်းထုတ်လုပ်မှု တိုးတက်စေရန်အတွက် စုပေါင်းသမဝါယမစနစ်ဖြင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း သမ္မတက အလေးပေး ပြောကြားခဲ့သည်။ ဝါကြိတ်စက်များ၊ ချည်မျှင်စက်ရုံများနှင့် ရက်ကန်းစက်များ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံ တော်က ပံ့ပိုးကူညီပေးသွားမည်ဖြစ် သည်။
သမ္မတသည် ဆွေးနွေးပွဲအပြီးတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ဝါဂွမ်းစိုက်ပျိုးထုတ်လုပ်မှု ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
Telegram»… https://t.me/positiveanglenews
#PAN