(ပြည်တွင်း) ဇူလိုင် ၁၃
ရှမ်းးပြည်(မြောက်ပိုင်း) သိန္နီမြိုကို သိမ်းယူထားတဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) ဟာ အခုအချိန်မှာ မြို့နယ်အတွင်းကနေ ဆုတ်ခွာပေးရဖို့ ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက လားရှိုးမြို့ထဲကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့ပြီးနောက် MNDAA အကြမ်းဖက်အဖွဲ့တွေ မြို့ကနေ ဆုတ်ခွာပေးရဖို့ အခုလို အသံတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၁၀ ရက်နေ့က သိန္နီမြို့ပေါ်နဲ့ ရွာဘက်တွေမှာ အခြေချတဲ့ ကိုးကန့်အကြမ်းဖက်တပ်ဟာ သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်မှာရှိတဲ့ စယ်အူကျေးရွာအုပ်စုဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ထိုစစ်ရေးလှုပ်ရှားမှုဟာ MNDAA ရဲ့ စစ်ကြောင်းထဲက အရေးပါတဲ့ လူနဲ့ ခဲယမ်းမီးကျောက်တွေကို စစ်ရေးလှုပ်ရှားမှုတစ်ခုအသွင်ပြကာ ဆုတ်ခိုင်းထားတာဖြစ်ပြီး မြို့ပေါ်မှ စခန်းထိုင်တဲ့ အကြမ်းဖက်သမားတွေကလည်း ဆက်လက်ထွက်ခွာလာမှာ ဖြစ်တယ်လို့ ရှမ်းဘက်ကလာတဲ့ သတင်းတွေအရ သိရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သိန္နီဒေသခံတွေကို အစည်းအဝေးခေါ်ယူပြီး MNDAA ဘက်က အုပ်ချုပ်ရေးလုပ်ငန်းအချို့ကို ပြည်သူတွေဆီ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ရယူဆုံးဖြတ်ပိုင်ခွင့်ကို ၎င်းတို့အဖွဲ့ကပဲ နောက်ကွယ်ကနေ စီမံခန့်ခွဲ့သွားဖို့ သတိပေးခဲ့တာတွေ ရှိတယ်လို့ ထိုသတင်းတွေက ဆိုပါတယ်။

Telegram -t.me/positiveanglenews
#PAN