တွံတေးတူးမြောင်းအတွင်း သင်္ဘောနှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားပြီး တစ်စီးနစ်မြုပ်

(မှုခင်း) ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ၊ တွံတေးတူးမြောင်းရေမိုင်(၂၀)တွင် သင်္ဘောနှစ်စီးတိုက်မှုဖြစ်ပွားပြီး တစ်စီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၄ ရက်နေ့ ၊ ည ၉ နာရီခွဲအချိန်ခန့်က ဇော်မြင့်မြတ် သင်္ဘော နှင့် ဆန်တင်သင်္ဘောတစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ပြီး သစ်သားခွံဖြင့်ပြုလုပ်ထားသည့် ဇော်မြင့်မြတ် သင်္ဘောသည် ပျက်စီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဇော်မြင့်မြတ် သင်္ဘောနစ်မြုတ်မှုကြောင့် သင်္ဘောပေါ်တွင်လိုက်ပါလာသည့် သင်္ဘော လုပ်သား အမျိုးသား ကိုးဦး အပါဝင် ခရီးသည်၂၄ ဦး စုစုပေါင်း ၃၃ ဦးတွင် ၃၂ ဦးမှာ ဘေးလွတ်ရာကို ရောက်ရှိခဲ့ပြီး ရေလုပ်သားတစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

#PAN