အစ္စရေးနှင့် သမိုင်းဝင် သဘောတူညီချက်ရပြီးနောက် လက်ဘနွန်သမ္မတက ၎င်းတို့ဘက်က အမြဲရပ်တည်ပေးရန် အမေရိကန်ကို တောင်းဆို၊ ဟစ်ဇဘိုလာအဖွဲ့ကမူ သဘောတူညီချက်ကို ပယ်ချ    

(နိုင်ငံတကာ) ဇူလိုင် ၅

    ဝါရှင်တန်၏ ကြားဝင်စေ့စပ်မှုဖြင့် အစ္စရေးနှင့် လက်ဘနွန်တို့အကြား သမိုင်းဝင် မူဘောင်သဘောတူညီချက်တစ်ခု ရရှိခဲ့ပြီးနောက်၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် လက်ဘနွန်နိုင်ငံဘက်က အမြဲတမ်း ဆက်လက်ရပ်တည်ပေးရန် လက်ဘနွန်သမ္မတ ဂျိုးဇက်အောင် (Joseph Aoun) က တောင်းဆိုလိုက်သည်။

     အမေရိကန်၏ ၂၅၀ ပြည့်မြောက်သော လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သမ္မတ ဒေါ်နယ်ထရမ့်ထံ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် လက်ဘနွန်သမ္မတ ဂျိုးဇက်အောင်က ဝါရှင်တန်အနေဖြင့် “လက်ဘနွန်၏ မှန်ကန်မျှတသော အရေးကိစ္စများ၊ ၎င်း၏ အဖွဲ့အစည်းများ၊ စစ်တပ်နှင့် ပြည်သူလူထုတို့ဘေးတွင် အမြဲတမ်း ဆက်လက်ရပ်တည်ပေးရန်” တိုက်တွန်းခဲ့သည်။                

    ၎င်းအပြင် လက်ဘနွန်နိုင်ငံအနေဖြင့် ယခုအခါတွင် “စစ်ပွဲများ၏ စာမျက်နှာဟောင်းကို ပိတ်ပစ်နိုင်ကာ မျှော်လင့် ချက်၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုတို့ရှိမည့် စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်နိုင်ရန်” မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ လက်ဘနွန်ရှိ အမေရိကန်သံရုံးကလည်း လက်ဘနွန်ပြည်သူများ ပိုမိုတောက်ပသည့် အနာဂတ်၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို ပုံဖော်ရာတွင် အတူရပ်တည်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။    

     ပြီးခဲ့သည့်သီတင်းပတ်က အစ္စရေးနှင့် လက်ဘနွန်တို့ လက် မှတ်ရေးထိုးခဲ့သည့် အမေရိကန်ကျောထောက်နောက်ခံပြု သဘောတူညီချက်တွင် လက်ဘနွန်တောင်ပိုင်း၌ ဖြစ် ပွားနေသည့် ဟစ်ဇဘိုလာ (Hezbollah) လက်နက်ကိုင်အဖွဲ့နှင့် ပဋိပက္ခကို အမြဲတမ်းအဆုံးသတ်ရန် ရည်ရွယ်ထား သည်။ ယင်းတွင် ဟစ်ဇဘိုလာအဖွဲ့ လက်နက်ဖြုတ်သိမ်းရေး၊ လက်ဘနွန်တောင်ပိုင်းမှ အစ္စရေးစစ်တပ် တဖြည်း ဖြည်းချင်း ပြန်လည်ဆုတ်ခွာရေးနှင့် စမ်းသပ်နယ်မြေနှစ်ခုမှစတင်ကာ အဆိုပါဒေသသို့ လက်ဘနွန်အစိုးရစစ်တပ် အင်အားချထားရေးတို့ ပါဝင်သည်။ သို့ သော်လည်း အစ္စရေးစစ်တပ် ပြန်လည်ဆုတ်ခွာမည့် အချိန်ဇ ယား တိတိပပ မပါရှိသဖြင့် ဟစ်ဇဘိုလာအဖွဲ့က ဤသဘောတူညီချက်ကို ပယ်ချထားသည်။                 

     အီရန်အဓိပတိခေါင်းဆောင် အလီခါမေနီ အသတ်ခံရမှုအတွက် ကလဲ့စားချေရန် ဟစ်ဇဘိုလာအဖွဲ့က မတ်လ ၂ ရက်နေ့တွင် အစ္စရေးကို ဒုံးကျည်များဖြင့် စတင်ပစ်ခတ်ခဲ့ရာမှ အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲအတွင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။                    

    ထိုစဉ်ကတည်းက စတင်ခဲ့သည့် အစ္စရေး၏ လေ ကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ကျူးကျော်စစ်များကြောင့် လက်ဘနွန်တွင် လက်ရှိအချိန်အထိ လူပေါင်း ၄,၃၀၃ ဦး သေဆုံးကာ ၁၂,၂၀၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် ပြည်သူ့ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် နေရပ်စွန့်ခွာရသူ ၄၀၀,၀၀၀ ခန့်သည် လက်ဘနွန်တောင်ပိုင်းရှိ ၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ပြီး၊ အစိုးရအနေဖြင့် အဆင်သင့်ဆောက်လုပ်ပြီး အိမ်ရာများနှင့် အိမ်ငှားခ ထောက်ပံ့ငွေများ ပေးအပ်ရန် စီစဉ်နေသည်။                   

     သို့သော်လည်း မြေပြင်တွင် တိုက်ခိုက်မှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး၊ အစ္စရေး အပါချီရဟတ်ယာဉ်များက မာ့ဂျ်ဒယ်လ်ဇုန် (Majdal Zoun) မြို့သို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သလို၊ လုံခြုံ ရေးဇုန်အတွင်း လှုပ်ရှားနေသည့် ဟစ်ဇဘိုလာ တိုက်ခိုက်ရေးသမားတစ်ဦးကိုလည်း အမြစ်ပြတ်သုတ် သင်ရှင်းလင်းခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က ထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

#PAN