ပြည်ပရောက် မြန်မာလုပ်သား ၆ သန်းကျော်ကို ဥပဒေကြောင်းအရ ပိုမိုကာကွယ်ပေးရန် ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်မည်၊ အထောက် အထားမဲ့များအတွက် CI လက်မှတ်များ ထုတ်ပေးနေ

(ပြည်တွင်း) ဇူလိုင် ၅                             

   ပြည်ပနိုင်ငံအသီးသီးတွင် သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သား ခြောက်သန်းကျော်အတွက် ပိုမိုထိရောက်သော အခွင့်အရေးများနှင့် ဥပဒေကြောင်းအရ အကာ အကွယ်ပေးမှုများ ရရှိစေရန် သက်ဆိုင် ရာဝန်ကြီးဌာနများ ပူး ပေါင်း၍ မူဝါဒများ ချမှတ်အကောင် အထည်ဖော်ရမည် ဖြစ် ကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားလိုက်သည်။

    ဇူလိုင်လ ၂ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်တွင်းနှင့် ပြည်ပအလုပ်သမားရေးရာကော်မတီနှင့် တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြည်ပရောက် မြန်မာ နိုင်ငံသား ၆ သန်းကျော်၏ အရေးကိစ္စကို အလေးပေးပြောကြားခဲ့သည်။

   ပြည်ပရောက်လုပ်သားများ ဥပဒေကြောင်းအရ ထိ ရောက်စွာ အကာအကွယ်ရရှိရေးအတွက် အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံ ခြားရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန အပါအဝင် ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် အချိန်မှန် အလှည့်ကျတွေ့ဆုံဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်မည့် မူဝါဒများကို ချမှတ်လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ထည့်သွင်းတိုက် တွန်းခဲ့သည်။

    အလားတူ ဇွန်လ ၃၀ ရက်နေ့က ကျင်းပခဲ့သည့် သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင်လည်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြည်ပရောက်မြန်မာလုပ်သားများ တရားဝင်ဖြစ်ရေး ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

     လက်ရှိတွင် အစိုးရအနေဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံကဲ့သို့သော မြန်မာလုပ်သား အများဆုံးရှိရာ နိုင်ငံများရှိ အထောက်အထားမဲ့ဖြစ်နေသည့် မြန်မာအလုပ်သမားများ တရားဝင် အထောက်အထားစာရွက်စာတမ်းများ ရရှိကိုင်ဆောင်နိုင်စေရန်အတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက် မှတ် (Certificate of Identity – CI) များကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။                   

    ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကိန်းဂဏန်းများအရ မြန်မာနိုင်ငံလူဦးရေ ၅၁ သန်းကျော်အနက် ခန့်မှန်းခြေ လူဦးရေ ၆ သန်းခန့်သည် ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြခြင်းဖြစ် သည်။

လက်ရှိတွင် အစိုးရအနေဖြင့် အဆိုပါ ရွှေ့ပြောင်းအလုပ် သမားများ ပြည်ပနိုင်ငံများ၌ တရားဝင် ဘေးကင်းစွာ လုပ်ကိုင်နိုင်ရေးအတွက် သက်ဆိုင်ရာ လက်ခံကုမ္ပဏီ/နိုင်ငံများနှင့် နား လည်မှုစာချွန်လွှာ (MoU) များမှတစ်ဆင့် ဆက်စပ်ညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။                                

Telegram»…
https://t.me/positiveanglenews

#PAN