နေပြည်တော်၌ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့နှင့် ကမ္ဘာ့ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနေ့ အခမ်းအနား ကျင်းပ၊ တိုင်းနှင့် ပြည်နယ်အသီးသီးမှ ဒေသထွက်ကုန်ပြခန်းများကို ဇူလိုင် ၅ ရက်အထိ ခင်းကျင်းရောင်းချမည်

(ပြည်တွင်း) ဇူလိုင် ၅

     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယ မနေ့နှင့် ကမ္ဘာ့ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

      အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင် ထံမှ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိန်းက ဖတ်ကြားခဲ့သည်။ ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ သမဝါယမမဟာမိတ်အဖွဲ့ (ICA) မှ ပေးပို့သော သဝဏ်လွှာကို ဗဟိုသမဝါယမအသင်းလီမိတက် အမှု ဆောင်အဖွဲ့ဝင်၊ မြန်မာ နိုင်ငံ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအဖွဲ့ချုပ် ဒါရိုက်တာ ဒေါ်သင်ဇာဝင်းက ဖတ်ကြားခဲ့ပြီးနောက် သမဝါ ယမလုပ်ငန်း ဆောင်ရွက်ချက်များဆိုင်ရာ ဗီဒီယိုမှတ်တမ်းကို ပြသခဲ့သည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိန်းနှင့် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမင်းနောင်တို့က လုပ်ငန်းဆောင်ရွက်မှု အကောင်းဆုံး ထူးချွန်သမဝါယမအသင်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာစီမံခန့်ခွဲမှု ကောင်းမွန်ရေး၊ ကျေးရွာရေရရှိရေးနှင့် သန့် ရှင်းသပ်ရပ်မှုဆိုင်ရာ ကဏ္ဍအလိုက် ထူးချွန်ဆုရရှိသူများကို ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

     အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန် ရှိသူများသည် ဝန်ကြီးဌာနများအလိုက် ဆောင်ရွက်ထားသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုပြိုင်ပွဲ ဓာတ်ပုံပြပွဲကို ကြည့်ရှုအားပေးခဲ့ကြသည်။ ၎င်းအပြင် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ သမဝါယမအသင်းစုများမှ ထုတ်လုပ်သည့် ဒေသထွက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စား သောက်ကုန်များကို ခင်းကျင်းပြသရောင်းချနေသည့် ပြခန်းများနှင့် အရောင်းဆိုင်များသို့ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

     အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ် သမဝါယမအသင်းစုများ၏ ကုန်စည်ပြခန်းများနှင့် အရောင်းဆိုင်များကို ဇူလိုင်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ (၃) ရက်တိုင်တိုင် ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး မည်သူမဆို လွတ်လပ်စွာ လာရောက်လေ့လာ ဝယ်ယူနိုင်ကြောင်း သိရသည်။

https://t.me/positiveanglenews

#PAN