(မှုခင်း) ဇူလိုင် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် ရေနံမှော်တွင် စားသောက်ဆိုင်ငွေရှင်းတမ်းကိစ္စ စကားများရာမှ PDFအချင်းချင်း ဓားနှင့်ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁ ရက်နေ့ ညနေပိုင်းအချိန်က ရွှေဘိုခရိုင် တပ်ရင်း (၁၀)မှ PDFတစ်ဦးမှ ဘား(စားသောက်ဆိုင်) သို့ သွားရောက်စားသောက်ရန် တပ်ရင်း (၇)မှ PDFတစ်ဦးအား လာရောက်ခေါ်ခဲ့ကြောင်း ထို့နောက် ဘားဆိုင်သောက်စားပြီးကုန်ကျငွေအား တယောက်တဝက်ကုန်ကျခံရန် ပြောဆိုရမှ စကားအခြေတင်ဖြစ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဆိုင်မှ ပြန်လာပြီးချိန်တွင် တပ်ရင်း (၇)မှ PDFတပ်ဖွဲ့ဝင်သည် သူ၏ နေအိမ်၌ အိပ်ပျော်နေစဉ်တပ်ရင်း (၁၀)မှ PDFတပ်ဖွဲ့ဝင်မှ ညအချိန် ခိုးဝင်လာပြီး ဓားနှင့် ၂ ချက် ထိုးခဲ့ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

#PAN