
(နိုင်ငံတကာ) ဇူလိုင် ၄
အမေရိကန်ပြည်ထောင်စု တည်ထောင်ခြင်း ၂၅၀ ပြည့်နှစ် အထိမ်းအမှတ် အခမ်းအနားများ စတင်သည့် သီတင်း ပတ်ကုန်ရက်၌ သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်စစ်တပ်၏ စွမ်းဆောင်ရည်ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး၊ ပြည် တွင်းရှိ ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒီများကို ဝေဖန်ကာ နိုင်ငံအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည့် “ကွန် မြူနစ်အန္တရာယ်”ကို နှိမ်နင်းသွားမည်ဟု သတိပေးပြောကြားလိုက်သည်။
ဇူလိုင်လ ၄ ရက် လွတ်လပ်ရေးနေ့ အကြိုညနေပိုင်းတွင် မောင့်ရက်ရှ်မိုး (Mount Rushmore) ကျောက်သားအထိမ်းအမှတ် အဆောက်အအုံအောက်၌ မိန့်ခွန်းပြောကြားရာတွင် ထရမ့်သည် လာမည့် နိုဝင်ဘာလ ကြားဖြတ်ရွေး ကောက်ပွဲများအတွက် ရည် ရွယ်ကာ နိုင်ငံရေးအတွေးအခေါ်နှင့် အမျိုးသားရေးလက္ခဏာကို မီးမောင်းထိုးပြခဲ့သည်။
“ကျွန်တော်တို့ဟာ အင်အားအကောင်းဆုံး စစ်တပ်ကို တည် ဆောက်ခဲ့ပြီး ကမ္ဘာ့စစ်ကြီးနှစ်ခုလုံးကို အနိုင်ရခဲ့တယ်” ဟု ၎င်းက ဆိုသည်။ ထို့အပြင် အမေရိကန်သည် ဗင်နီဇွဲလားကို တစ်ရက်တည်းဖြင့် အနိုင်ယူခဲ့ပြီး အီရန်ကိုလည်း အပြတ်အသတ် နှိမ်နင်းနိုင်ခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
လက်ရှိတွင် အမေရိကန်-အစ္စရေး ပူးပေါင်းတပ်များနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ပြည်တွင်း၌ ငွေ ကြေးဖောင်းပွမှုနှင့် စွမ်းအင်စျေးနှုန်း မြင့်တက်မှုကို မဲဆန္ဒရှင်များ စိုးရိမ်နေကြသည်။ ယင်းစစ်ပွဲနှင့် ပတ် သက်၍ ထရမ့်က အီရန်အစိုးရသည် ပြေလည်မှုရရန် အသည်းအသန် ဖြစ်နေကြောင်းနှင့် စစ်ပွဲပထမနေ့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည့် အီရန်၏ အဓိကခေါင်းဆောင်ကြီး အလီ ခါမေနီ (Ali Khamenei) ၏ နိုင်ငံတော်အဆင့် ဈာပနအတွက် “ဝါရှင်တန်အနေဖြင့် သဘောကောင်းစွာဖြင့် တစ်ပတ် ခွင့်ပြုပေးထားခြင်းဖြစ် ကြောင်း” ပြောကြားခဲ့သည်။
ထရမ့်သည် ၎င်း၏ မိန့်ခွန်းအများစုကို ပြည်တွင်းရှိ ဝါဒရေး ရာ ခြိမ်းခြောက်မှုများအပေါ် အာရုံစိုက်ခဲ့ပြီး နိုင်ငံတွင်းသို့ အသစ်ဝင်ရောက်လာသူအချို့သည် အမေရိကန်၏ လူနေမှုဘဝနှင့် ဆန့်ကျင်ဘက်ဖြစ်သော ကွန်မြူနစ်ဝါဒကို ကိုင်စွဲကာ ဖွဲ့စည်း ပုံအခြေခံဥပဒေ၏ ရန်သူ ဖြစ်လာနေကြောင်း စွပ်စွဲခဲ့သည်။

၎င်းက ကွန်မြူနစ်ဝါဒကို အမြန်ဆုံး အောင်နိုင်ရမည်ဟု ကတိပြုခဲ့ပြီး တင်းကျပ်သော လူဝင်မှုကြီးကြပ်ရေးမူဝါဒများနှင့်အတူ လက်ဝဲယိမ်း နိုင်ငံရေးသမားများနှင့် တရားမဝင် ဝင်ရောက်လာသူအချို့ကို နိုင်ငံအတွင်းမှ ဖယ်ရှားသင့်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။
နယူးယောက်၊ ကိုလိုရာဒိုနှင့် တက္ကဆက်ပြည်နယ်တို့တွင် တိုး တက်ပြောင်းလဲရေးဝါဒီ (Progressives)များ ဆက်တိုက်အနိုင် ရလာခြင်းကို ထရမ့်က နိုင်ငံတည်ထောင်ကတည်းက ကြုံတွေ့ရသမျှ “အကြီးမားဆုံး ခြိမ်းခြောက်မှု” ဟု သတ်မှတ်ကာ ဒုတိယကမ္ဘာစစ်၊ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုများနှင့် နှိုင်းယှဉ်ခဲ့သည်။
ရီပတ်ဘလစ်ကန် မဟာဗျူဟာပညာရှင် အီလိုင်း ဘရီမာ (Eli Bremer) က ထရမ့်၏ မိန့်ခွန်းသည် ရော်နယ်ရေဂင်ကဲ့သို့ ညီ ညွတ်မှုကို ပြသရန် ကြိုးပမ်းသော်လည်း လက်ရှိတွင် အမေရိကန် လက်ဝဲနှင့် လက်ယာဝါဒီများကြား ကွာဟချက် အလွန်ကျယ်ပြန့်နေကြောင်း သုံးသပ်သည်။
တစ်ဖက်တွင်မူ ဒီမိုကရက်တစ် မဟာဗျူဟာပညာရှင် အမီးရှား ခရော့စ် (Ameshia Cross) က ထရမ့်သည် မွေးရာပါ နိုင်ငံသားဖြစ်ခွင့်ကို ပယ်ဖျက်မည့် အစီအစဉ်အား တရားရုံးချုပ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်း၏ လွှမ်းမိုးမှု လျှောကျလာသဖြင့် မျိုးဆက်သစ် ဒီမိုကရက်များအပေါ် မကျေမနပ် ဖြစ်နေခြင်းသာ ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
တစ်ချိန်တည်းမှာပင် နယူးယောက်မြို့၌ တိုးတက်ပြောင်း လဲရေးဝါဒီ မြို့တော်ဝန် ဇိုရန် မမ်ဒါနီ (Zohran Mamdani)က ရွှေ့ပြောင်းနေထိုင်သူများ၏ ပံ့ပိုးမှုကို ချီးမွမ်းကာ ထရမ့်နှင့် ဆန့်ကျင်ဘက် အမြင်ကို တင်ပြခဲ့သဖြင့် ယခု ၂၅၀ ပြည့်နှစ် ပတ်လည်သည် အမေရိကန်၏ ကွဲပြားနေသော နိုင်ငံရေး အနာ ဂတ်အမြင်များကို ပြသရာ ရောက်နေသည်။
Telegram»…
https://t.me/positiveanglenews
#PAN