မိခင်ဖြစ်သူကိုယ်တိုင် ခွင့်ပြုချက်နဲ့ သမီးငယ် ၂ ဦးမှာ မိခင်ရဲ့ရည်းစားဖြစ်သူက အကြိမ်ကြိမ်အဓမ္မပြုကျင့် ခံနေရ

(မှုခင်း) ဇူလိုင် မ

မိခင်ဖြစ်သူကိုယ်တိုင်က ခွင့်ပြုပေးထားတာကြောင့် အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ကျောင်းသူ သမီးငယ်၂ ဦးမှာ မိခင်ရဲ့ရည်းစားဖြစ်သူက အကြိမ်ကြိမ်အဓမ္မပြုကျင့် ခံနေရတယ်လို့ သိရပါတယ်။

ဒီလို ထူးခြားတဲ့ဖြစ်စဥ်ဟာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်မှာ နေထိုင်တဲ့ မိသားစုတစ်ခုထဲမှာ ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။

အဓမ္မပြုကျင့်ခံနေရသူ သမီးငယ်တွေမှာ အသက် ၈ နဧ်နဲ့ အသက် ၁၃ နှစ် အရွယ်သာ ရှိသေးတဲ့ မိန်းကလေးငယ်တွေ ဖြစ်ပြီး သူမတို့ရဲ့ မိခင်ဖြစ်သူရဲ့ ရည်းစားဖြစ်တဲ့ အသက် ၅၀ အရွယ်ရှိ ဦးဝင်းဗိုလ် ဆိုသူက သူမတို့ ရဲ့၂ ဦးကို လိင်ပိုင်းဆိုင်ရာ အကြိမ်ကြိမ် ပြုကျင့်နေတာလည်း ဖြစ်ပါတယ်။

တပင်ရွှေထီးရပ်ကွက် နေအိမ်မှာ ဦးဝင်းဗိုလ်က သမီးဖြစ်သူနဲ့ အတူအိပ်ချင်ကြောင်း မိမိရဲ့ ရည်းစားဖြစ်သူ သမီးငယ်ရဲ့ မိခင်ကို ခွင့်တောင်းခဲ့တာ မိခင်ဖြစ်သူကလည်း နေပေးဖို့ ပြောခဲ့တာကြောင့် အတူအိပ်ပေးခဲ့ရသလို နောက်နှစ်ရက်ခန့် အကြာမှာလည်း လိင်ပိုင်းဆိုင်ရာ ထပ်မံကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် သားအမိ ၃ ယောက်လုံးကို မိတ္ထီလာမြို့ကို ကန်လင်းသစ် တည်းခိုခန်းကို ကလေးတွေ ကျောင်းပိတ်ရက်တွေမှာ ၄ ရက်ခန့် တစ်ကြိမ်၊ ၁၀ ရက်ခန့် တစ်ကြိမ် ခေါ်ယူသွားပြီး ကျူးလွန်ခံခဲ့သလို တပ်ကုန်းမြို့က ရဲတံခွန်(၂) တည်းခိုခန်းမှာလည်း ၅ ရက်ခန့် တစ်ကြိမ်၊ ၁၀ ရက် တစ်ကြိမ် ခေါ်ယူကာ အမေဖြစ်သူရဲ့ ခွင့်ပြုချက်နဲ့ ပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ အသက် ၈ နှစ်အရွယ် ကလေးငယ်ကို သူ့အစ်မနဲ့ အလားတူ နေအိမ်၊ မိတ္ထီလာနဲ့ တပ်ကုန်းက တည်းခိုခန်းတွေမှာ ပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မိတ္ထီလာက တည်းခိုခန်းမှာတော့ ဖုန်းကြည့်နေစဉ်မှာ ပုဆိုးနဲ့ လက်နှစ်ဖက်ကိုချည်နှောင်ပြီး ပါးစပ်ကိုလည်း အဝတ်စနဲ့ ပိတ်ဆို့ကာ ကျူးလွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကလေးငယ်နှစ်ယောက်လုံးကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်နေစဥ်မှာလည်း “နင်တို့ အမေသေရင် နင်တို့ညီမနှစ်ယောက်လုံးကို မယားလုပ်ပစ်မယ်” လို့ ဆဲဆိုမှုတွေကိုလည်း ပြုလုပ်တတ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိခင်ဖြစ်သူကိုယ်တိုင်ကလည်း ၎င်းရဲ့ သမီးဖြစ်သူနှစ်ယောက်ကို ရိုက်နှက်ပြီး အတင်းအကျပ် ခိုင်းစေခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ် ပေါ်ပေါက်လာတာကတော့ ၎င်းတို့ရဲ့ မိသားစုဆီက ထွက်လာတာမဟုတ်ဘဲ အိမ်နီးချင်းက အမျိုးသမီးရေးရာအဖွဲ့ကိူ သတင်းပေးအကူအညီတောင်းခံလာခဲ့ရာကနေ အမှုမှန် ​ပေါက်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ပုဗ္ဗသီရိမြို့၊ ဇဝနဒီပရပ်ကွက်မှာ နေထိုင်တဲ့ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ယမင်းအေးက ကလေးငယ်တွေကိူ ထိန်းသိမ်းထားပြီး မိခင်ဖြစ်သူကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက တဆင့် ဆင့်ခေါ်ပြီး အသိပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဆင့်ခေါ် စစ်ဆေးစဥ်မှာ မိခင်ဖြစ်သူက တပ်ကုန်းက တည်းခိုခန်းမှာ နှစ်ရက်ကျော်ခန့် တည်းခိုခဲ့ကြပေမယ့် သမီးနှစ်ယောက်ဟာ ၎င်းရဲ့ မျက်စိအောက်မှာပဲ အမြဲရှိနေခဲ့ကြောင်း၊ လိင်ပိုင်းဆိုင်ရာကျူးလွန်ပြုကျင့်မှုတွေ မရှိခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

ကလေးငယ် ၂ ဦးရဲ့ ​မိခင်မှ အိမ်ထောင်နှစ်ဆက် ရှိခဲ့ပြီး အိမ်ထောင်တစ်ခုကို သမီးတစ်​ယောက်စီ ရရှိခဲ့တာဖြစ်ပြီး လက်ရှိဦးဝင်းဗိုလ်မှာ အိမ်ထောင်ဖက်လမဟုတ်ဘဲ ရည်းစားအဆင့်သာ ရှိနေတာလည်း ဖြစ်ပေမယ့် လက်ခံနေထိုင်တာတွေအပြင် ဦးဝင်းဗိုလ်ရဲ့ စိတ်လိုအင်အရ မိမိရဲ့ သမီးငယ်လေးတွေကိုပါ အတူတူနေထိုင်ခိုင်းတာတွေကို ခိုင်းစေခဲ့တာလည်း ဖြစ်ပါတယ်။

ဦးဝင်းဗိုလ်ကို ဒေါ်ယမင်းအေးက တပ်ကုန်း မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တာကြောင့် ရှမ်း​ပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး​နောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရွှေညောင်ဘက်မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရတာဖြစ်ပါတယ်။

ကလေးငယ်​တွေရဲ့ မိခင်မှာ အချုပ်ထဲ ရောက်နေတဲ့ ရည်းစားဖြစ်သူ ဦးဝင်းဗိုလ်ကို သွားရောက်တွေ့ဆုံတာ​တွေ လုပ်ခဲ့ပေမယ့် လက်ရှိမှာတော့ သူမကိုပါ အမှုဖွင့်ထားတာကြောင့် ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

#PAN