ကျိုင်းတုံမြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

(မှုခင်း) ဇူလိုင် ၄

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ – တာချီလိတ်သွားကားလမ်းတွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဇူလိုင်လ ၁ ရက်နေ့ ညနေ ၄နာရီခွဲ အချိန်တွင် ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာ၊ ကျိုင်းတုံ – တာချီလိတ်သွားကားလမ်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မနန်းခမ်းလွတ် မောင်းနှင်လာသည့် HONDA FIT SHUTTLE အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းစိမ်း အလေးချိန် ၁၀.၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၇၃.၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဘိန်းစိမ်းများသယ်ဆောင်လာသူ မနန်းခမ်းလွတ်(၄၅)နှစ်အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#PAN