(မှုခင်း) ဇူလိုင် ၃
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လိန်းလီတံတားဂိတ်တွင် ဘိန်းစိမ်းများသယ်လာသည့် ဘုန်ကြီး ၂ ပါးနှင့် ယာဥ်မောင်းတို့ကို ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။ဇူလိုင် ၂ ရက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ လိန်းလီတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်းစစ်ဆေးနေစဉ် ပင်လောင်းမှ နေပြည်တော်ဘက်သို့ ယာဉ်မောင်းနှင့်အတူ ဘုန်းကြီး ၂ ပါး လိုက်ပါလာသည့်ကားတစ်စီးအား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ ၎င်းကားပေါ်တွင် စုစုပေါင်း ၅၅ သိန်းကျော်တန်ဖိုးရှိ ဘိန်းစိမ်းများအား အခကြေးငွေဖြင့် သယ်ဆောင်လာကြောင်း စစ်ဆေးဖော်ထုတ် ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ ဘိန်းစိမ်းများအားသယ်ဆောင်ခဲ့သူများအ ပင်လောင်းနယ်မြေရဲစခန်းတွင် (ပ)၃/၂၀၂၆ ဖြင့် အမှုဖွင့်ကာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပစ္စည်းများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က)/၂၁ အရ ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
#PAN