ဖားကန့်တွင် မြေပြိုမှုဖြစ်ပွား၊ ရေမဆေးကျောက်ရှာလုပ်သား အနည်းဆုံး ၄ ဦး ပျောက်ဆုံး

(မှုခင်း) ဇူလိုင် ၃

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်နှင့် ကောင်စံရွာကြားရှိ စိန်လုံတောင်တန်းကြောက ကုမ္ပဏီလုပ်ကွက်တစ်ခုတွင် ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာလုပ်သား အနည်းဆုံး ၄ ဦး မြေစာပုံအောက် ပျောက်ဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ပျောက်ဆုံးသူ ၄ ဦးရှိပြီး ၎င်းတို့မှာ ကျောက်ရှာသူများဖြစ်ပြီး မြေပြိုမှုအတွင်း လူ ၇ ဦးခန့် ပါသွားနိုင်ကြောင်း ဒေသခံများမှပြောဆိုနေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိတွင် လူမှုကူညီရေးအသင်းများနှင့် ဒေသခံများက ပျောက်ဆုံးသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့ကလည်း အဆိုပါ ဖားကန့်ဒေသ နမ့်မှော်ဘက်တွင် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ ၆ ဦးပါသွားကာ သေဆုံးရုပ်အလောင်း ၄ လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

#PAN