
(နိုင်ငံတကာ) ဇူလိုင် ၂
အမေရိကန်တရားလွှတ်တော်ချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ အယူခံဝင်မှုကို ကြားနာရန် ငြင်းပယ်လိုက်ပြီးနောက်၊ စာရေး ဆရာမ အီး ဂျင်း ကာရိုးလ် (E Jean Carroll) သည် တရားမရုံးက သူမအား ပေးအပ်ရန် ဆုံးဖြတ်ထားသည့် လျော်ကြေးငွေနှင့် အတိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၅.၈ သန်းကို အမြန်ဆုံး ပေးဆောင်ရန် တောင်းဆိုလိုက်သည်။
ဗုဒ္ဓဟူးနေ့တွင် နယူးယောက်ခရိုင် တရားသူကြီး လူဝစ် ကပ်ပလန် က ကာရိုးလ်၏ လျောက်လဲချက်ကို သဘောတူခဲ့ပြီး ထရမ့် ၏ ဥပဒေရေးရာအဖွဲ့အနေဖြင့် အဆိုပါ ငွေပေးချေမှု တောင်း ဆိုချက်အပေါ် ဇူလိုင် ၇ ရက်နေ့ထက် နောက်မကျဘဲ အကြောင်း ပြန်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။
Elle မဂ္ဂဇင်း၏ အကြံပေးကော်လံသမားဟောင်း ကာရိုးလ်သည် ၂၀၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် သူမ၏ ကိုယ်ရေးအတ္ထု ပ္ပတ္တိ၌ ၁၉၉၆ ခုနှစ်ဝန်းကျင်က မန်ဟက်တန်ရှိ ကုန်တိုက်တစ်ခု ၏ အဝတ်လဲခန်းအတွင်း ဒေါ်နယ်ထရမ့်က သူမအား မုဒိမ်းကျင့်ခဲ့သည်ဟု စွပ်စွဲခဲ့ရာမှ နှစ်ဖက်အကြား တရားရင်ဆိုင်မှု စတင်ခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က သမ္မတတာဝန်ထမ်းဆောင်နေသည့် ထရမ့်က ၎င်း၏ စွပ်စွဲချက်များကို ငြင်းဆိုကာ “သူမသည် လိမ်လည်နေခြင်းဖြစ်ပြီး မိမိကြိုက်နှစ်သက်သည့် ပုံစံမျိုးလည်း မဟုတ်ကြောင်း” ဖြင့် တုံ့ပြန်ခဲ့သည်။
ယင်းကြောင့် ကာရိုးလ်က ထရမ့်သည် သူမ၏ ဂုဏ် သိက္ခာကို ထိခိုက်စေသည်ဟု ဆိုကာ ၂၀၁၉ ခုနှစ်တွင် အသရေဖျက်မှုဖြင့် ပထမအကြိမ် တရားစွဲဆိုခဲ့သည်။ ထို့ နောက် ၂၀၂၂ ခုနှစ်တွင် နယူးယောက်ပြည်နယ်၏ ဥပဒေသစ်အရ လိင်ပိုင်းဆိုင်ရာစော် ကားမှုနှင့် အသရေဖျက်မှုတို့ဖြင့် ဒုတိယအကြိမ် ထပ်မံတရား စွဲဆိုခဲ့သည်။
၂၀၂၃ ခုနှစ် မေလတွင် ပြုလုပ်ခဲ့သည့် ပထမအမှု တရားစီ ရင်ရေးတွင် ဂျူရီအဖွဲ့က ထရမ့်တွင် မုဒိမ်းမှုအတွက် တာဝန်မရှိသော်လည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှု (Sexual Abuse) နှင့် အသရေဖျက်မှုတို့အတွက် တာဝန်ရှိကြောင်း ဆုံးဖြတ်ကာ လျော် ကြေး ဒေါ်လာ ၅ သန်း ပေးရန် အမိန့်ချခဲ့သည်။
အဆိုပါ ရန်ပုံငွေမှာ ယခုအခါ အတိုးနှုန်းများကြောင့် ဒေါ်လာ ၅.၈ သန်းအထိ တိုးမြင့်လာခဲ့ခြင်း ဖြစ်သည်။ (၂၀၂၄ ခုနှစ် ဇန်န ဝါရီလတွင် ဆုံးဖြတ်ခဲ့သည့် ဒုတိယအမှုအတွက်မူ ဂျူရီအဖွဲ့က ကာရိုးလ်အား ဒေါ်လာ ၈၃.၃ သန်း ပေးရန် ဆုံးဖြတ်ထားသော် လည်း တရားလွှတ်တော်ချုပ်က ယင်းအမှုကို စဉ်းစားသုံးသပ်ခြင်း မရှိသေးပေ။)
တနင်္လာနေ့တွင် တရားလွှတ်တော်ချုပ်က ထရမ့်၏ ဒေါ်လာ ၅ သန်း လျော်ကြေးပေးရမည့် ဆုံးဖြတ်ချက်အပေါ် အယူခံကို ပယ်ချခဲ့ခြင်းကြောင့် အောက်တရားရုံး၏ ဆုံး ဖြတ်ချက်မှာ အတည်ဖြစ်သွားခဲ့သည်။
တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်အပြီးတွင် သမ္မတ ထရမ့်က Truth Social ကွန်ရက်မှတဆင့် ယခုအမှုကို “အမှုအတု” ဟု ပြစ်တင်ရှုတ်ချခဲ့ပြီး “ဒါဟာ ကျွန်တော့်ကို ဥပဒေကြောင်းအရ လက်နက်သဖွယ် အသုံးချ တိုက် ခိုက်နေတာဖြစ်ပြီး အစွမ်းကုန် ဆက်လက်တိုက်ပွဲဝင်သွားမယ်” ဟု ရေးသားခဲ့သည်။
သို့သော်လည်း ကာရိုးလ်၏ ရှေ့နေ ရိုဘာတာ ကပ်ပလန် ကမူ “ဒါဟာ လမ်းဆုံးပါပဲ၊ ထရမ့်ဘက်က အမှုကြန့်ကြာအောင် နည်းလမ်းမျိုးစုံနဲ့ အချိန်ဆွဲခဲ့တာတွေကို ကာရိုးလ်ဘက်က အကြိမ် ကြိမ် ခွင့်ပြုပေးခဲ့ပြီးပြီဖြစ်လို့ အခုလို ပူးပေါင်းဆောင်ရွက်မှုဟာ ဒီနေ့မှာ ကုန်ဆုံးသွားပါပြီ၊ အခုကတော့ သူ ငွေပေးချေရမယ့် အချိန်ပါပဲ” ဟု ပြတ်ပြတ်သားသား တုံ့ပြန်ပြောကြားခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN