(မှုခင်း)အောက်တိုဘာ ၁၆
တနင်္လာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။
အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ၁နာရီကျော်အချိန်တွင် မြိတ်မြို့နယ်၊ ပသောင်း – ကြေးနန်းတိုင်တံတားအနီးတွင် မြိတ်မြို့ဘက်မှ ကော့သောင်းမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသောခရီးသည် မနှင်းသီတာဖြိုး(ခ)နှင်းနှင်း ထံမှ စိတ်ကြွဆေးပြား ၂၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂၅၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဆက်လက်ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ မွဲလွဲ၂နာရီကျော်အချိန်က ထွန်းထွန်းဝင်း(ခ)ထွန်းထွန်း အား ၎င်းနေထိုင်သည့် မြိတ်မြို့နယ်၊ ပဂျီရှောင်ကျေးရွာရှိ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၂၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂၅၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသည့် တရားခံ မနှင်းသီတာဖြိုး(ခ)နှင်းနှင်း(၂၅)နှစ်နှင့် ထွန်းထွန်းဝင်း(ခ)ထွန်းထွန်း(၄၈)နှစ်တို့အား တောင်ရှည်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN