နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ    

(ပြည်တွင်း) ဇူလိုင် ၁                              

   နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ အလက်ဇန္ဒား ဂျိမ်းစ် မက်သီယူ (Mr. Alexander James Matheou) အား ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၁:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

     ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် IFRC အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးတို့သည် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီပေးအပ်ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။             

  
     အထူးသဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) က လက်ရှိမြေပြင်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေး လှုပ်ရှားဆောင် ရွက်မှုများအပေါ် IFRC ဘက်က ဆက်လက်ပံ့ပိုးကူညီပေးမည့် အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း ရှေ့ဆက်လက်လုပ်ဆောင် သွားမည့် IFRC ၏ ရေတိုရေရှည် အစီအမံများနှင့် ရှေ့လုပ်ငန်း စဉ်များနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို အသေးစိတ် ညှိနှိုင်းတိုင်ပင်ခဲ့ကြကြောင်း သိရသည်။                                   

    အဆိုပါ ပြည်ထောင်စုဝန်ကြီး၏ လက်ခံတွေ့ဆုံပွဲ အခမ်း အနားသို့ မြန်မာနိုင်ငံဆိုင်ရာ IFRC ဌာနေကိုယ်စားလှယ်အဖွဲ့ရုံး အကြီးအကဲ မစ္စ နာဒီယာ ခူရီ (Ms. Nadia Khoury)၊ မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း (MRCS) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ ညွှန် ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလည်း အသီးသီးတက်ရောက်ခဲ့ကြသည်။                     

Telegram»…
https://t.me/positiveanglenews

#PAN