(ပြည်တွင်း) ဇွန် ၃၀
အိုမန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာသည့် မြန်မာအမျိုးသမီးတစ်ဦးသည် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Transit ပြုလုပ်နေစဉ် ရန်ကုန်သို့ ဆက်လက်စီးနင်းရမည့် လေယာဉ်လက်မှတ်မှာ အတုဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် လေဆိပ်အတွင်း အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းလေဆိပ်ရဲတပ်ဖွဲ့က ဇွန် ၂၉ ရက်တွင် ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးထံ ဆက်သွယ်အကြောင်းကြားခဲ့ပြီးနောက် သံအရာရှိရုံးက သက်ဆိုင်ရာလေကြောင်းလိုင်းဖြစ်သည့် Myanmar Airways International (MAI) နှင့် အမြန်ညှိနှိုင်းဆောင်ရွက်ကာ ခရီးစဉ်ပြန်လည်အဆင်ပြေစေရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် လိုအပ်သည့် အကူအညီများကိုလည်း ဖြည့်ဆည်းပံ့ပိုးပေးခဲ့ပြီး ပိတ်မိနေသည့် မြန်မာအမျိုးသမီးအား မြန်မာနိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်ထွက်ခွာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

#PAN