
(နိုင်ငံတကာ) ဇွန် ၂၅
အီရန်နိုင်ငံအတွင်းရှိ နျူကလီးယားအဆောက်အအုံများကို ကုလသမဂ္ဂ စစ်ဆေးရေးမှူးများက သေချာပေါက် ဝင်ရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲ ရာဖေးလ် ဂရိုဆီ (Rafael Grossi) က ပြောကြားလိုက်သော်လည်း၊ တီဟီရန် (အီရန်အစိုးရ)ဘက်ကမူ အမေရိကန်က ပိတ်ဆို့အရေးယူမှုအားလုံးကို လက်တွေ့ကျကျ ရုပ်သိမ်းပေးပြီး နောက်ဆုံးသဘောတူညီချက် ရရှိမှသာ စစ်ဆေးခွင့်ပြုမည်ဟု ချက်ချင်းတုံ့ပြန်လိုက်သည်။
ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် IAEA အကြီးအကဲ ဂရိုဆီက အမေရိကန်နှင့် အီရန်တို့ ပြီးခဲ့သည့်အပတ်က လက် မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာ (MoU)တွင် နျူကလီးယားလုပ် ငန်းစဉ်အားလုံးကို IAEA က ကြီးကြပ်ကွပ်ကဲရန် ထည့်သွင်းထားပြီးဖြစ်သဖြင့် ရက်စွဲနှင့် တည် နေရာများကို အီရန်အစိုးရနှင့် ဆွေးနွေးဆုံးဖြတ်ကာ မကြာမီ ဝင်ရောက်စစ်ဆေးမည်ဖြစ် ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
သို့သော်လည်း အီရန်နိုင်ငံခြားရေးဒုတိယဝန်ကြီး ကာဇင် ဂါရီဘာဘာဒီ (Kazem Gharibabadi) က ၎င်းတို့၏ လူမှုကွန်ရက် X စာမျက်နှာမှတစ်ဆင့် – အမေရိကန်နှင့် အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်ခြင်း ခံခဲ့ရသည့် နျူကလီးယားစခန်းများနှင့် ပစ္စည်းများကို ဝင်ရောက်စစ်ဆေးခွင့်ပြုရေးသည် အမေရိကန်ဘက်က ပိတ်ဆို့မှုအားလုံးကို အရင်ရုပ်သိမ်းပေးမည့်အပေါ်တွင်သာ မူ တည်ကြောင်းနှင့် ဆွစ်ဇာလန်ဆွေးနွေးပွဲအတွင်း ဂရိုဆီဘက်က တောင်းဆိုခဲ့သော်လည်း အီရန်အရာရှိများက ၎င်းနှင့် တွေ့ဆုံခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်က အမေရိကန်-အစ္စရေး ပူးပေါင်းတပ်ဖွဲ့နှင့် အီရန်တို့အကြား ၁၂ ရက်ကြာ ဖြစ်ပွားခဲ့သည့် စစ်ပွဲအပြီးတွင် တဟီရန်က IAEA နှင့် ပူးပေါင်းဆောင်ရွက်မှု ဆိုင်းငံ့သည့်ဥပဒေ ပြဋ္ဌာန်းခဲ့သော်လည်း၊ ပြီးခဲ့သည့် စက် တင်ဘာတွင် မူဘောင်အသစ်အရ စစ်ဆေးရေးမှူးအချို့ကို ပြန်လည်ဝင်ခွင့်ပြုခဲ့ရာ ယခုလအတွင်း ဘူရှဲ (Bushehr) နျူကလီးယားစက်ရုံသို့ သွား ရောက်နိုင်ခဲ့သော်လည်း ဗုံးကြဲခံထားရသည့် စခန်းများကိုမူ ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ ဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်အပြင်ဘက်၌ သတင်းထောက်များကို ပြောကြားရာတွင် ကုလသမဂ္ဂစစ်ဆေးရေးမှူးများ အီရန်သို့ သွား ရောက်ရမည်မှာ သေချာသော်လည်း “အလောတကြီး လုပ်စရာမလိုကြောင်း” ဆိုကာ လေသံလျှော့ခဲ့သည်။
တစ်ချိန်တည်းမှာပင် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က ၎င်းတို့၏ ဘာလစ်စတစ်ဒုံးကျည် အစီအစဉ်နှင့်ပတ် သက်၍ မည်သည့်အခါမျှ ဆွေးနွေးသွားမည်မဟုတ်ကြောင်း ပြတ်သားစွာ ပြောကြားထားသော်လည်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဇွန်လ ၂၉ သို့မဟုတ် ၃၀ ရက်တွင် ဆွစ်ဇာလန်၌ နှစ်ဖက်အကြား နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN