(မှုခင်း)အောက်တိုဘာ ၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်၊ နယ်မြေ (၁၀) ရှိ နေအိမ်တစ်အိမ်၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
အောက်တိုဘာ ၉ ရက် မွန်းလွဲ ၂ နာရီ ၂၇ မိနစ်အချိန်ခန့်တွင် မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက် နယ်မြေ (၁၀) ရှိ နေအိမ် မီးလောင်မှုဖြစ်ပွားသဖြင့် မြစ်ကြီးနားမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ မီးသတ်ရေသယ်ယာဉ် (၃) စီးနှင့် ကျွန်းပင်သာရပ်ကွက်မှ အရန်မီးသတ်ရေသယ်ယာဉ် (၁) စီးတို့ဖြင့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်တွင် မီးလုံးဝ ငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN