
(နိုင်ငံတကာ) ဇွန် ၁၉
အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား စစ်ပွဲအဆုံးသတ်ရေး အကြိုနားလည်မှုစာချွန်လွှာ(MoU) လက် မှတ်ရေးထိုးပြီးနောက်၊ ရက်ပေါင်း ၆၀ ကြာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလှည့်အသစ်ကို စတင်ရန် ဆွစ်ဇာလန်နိုင်ငံသို့ သွားရောက်မည့် အမေရိကန်ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance)၏ ခရီးစဉ်ကို အိမ်ဖြူတော်က ရုတ်တရက် ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာလိုက်သည်။
ဒုသမ္မတ ဗန့်စ်နှင့် အဖွဲ့သည် ကြာသပတေးနေ့ညတွင် ထွက်ခွာရန် အဆင်သင့်ဖြစ်နေခဲ့သော်လည်း၊ အပစ်ရပ်စာချုပ်ချုပ်ဆိုပြီး တစ်ရက်အကြာ၌ပင် အစ္စရေးက လက်ဘနွန်တောင်ပိုင်း ကဖာတီဘနစ်နှင့် ဇာဘာဒင်ဒေသများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူသုံးဦး သေ ဆုံးခဲ့မှုကြောင့် ခရီးစဉ်ကို နောက်ဆုံးမိနစ်တွင် ဖျက်သိမ်းလိုက်ရခြင်း ဖြစ်သည်။
အီရန်နိုင်ငံပိုင် တာ့စ်နင် (Tasnim) သတင်းအေဂျင်စီကလည်း လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံး အပစ်ရပ်ရေး ယာယီသဘောတူညီချက်ကို အစ္စရေးဘက်က လိုက်နာခြင်း ရှိ၊ မရှိ ဦးစွာစောင့်ကြည့်လိုသဖြင့် အီရန်ကိုယ်စား လှယ်အဖွဲ့ ဆွစ်ဇာလန်သို့ သွားရောက်မည့်အရေးကို အတည်မပြုနိုင်သေးကြောင်း ဖော်ပြခဲ့သည်။
၁၁၂ ရက်မြောက် အီရန်စစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းသည့် ယခု MoU အပေါ် ဝါရှင်တန်နှင့် အစ္စရေးတို့ဘက်မှ ပြင်း ထန်သော ဖိအားများနှင့် ရင်ဆိုင်နေရသော် လည်း ဒုသမ္မတ ဗန့်စ်က စာချုပ်တွင် အကာအကွယ်ပေးမည့် စည်းကမ်းချက်များ အပြည့်အဝပါဝင်ပြီး အမေရိကန်အကျိုးစီးပွားအတွက် ဆောင် ရွက်ခြင်းဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့သည်။
အထူးသဖြင့် ဒီမိုကရက်တစ် အထက်လွှတ်တော်ခေါင်း ဆောင် ချပ်ခ် ရှူးမား (Chuck Schumer) က “ထရမ်ပ်ရဲ့ မစွမ်းဆောင်နိုင်မှုနဲ့ အတ္တကြောင့် အမေရိကန်ဟာ အခြေ အနေပိုဆိုးသွားပြီ။ ဒီမိုကရက်တွေအနေနဲ့ အီရန်ထံ ဒေါ်လာ ဘီလီယံ ၃၀၀ ပေးမယ့်ကိစ္စကို ဘယ်တော့မှ ကူညီမှာမဟုတ်ဘူး” ဟု တိုက်ခိုက်ခဲ့သည်။
ယင်းအပေါ် ထရမ်ပ်အစိုးရအဖွဲ့နှင့် ဗန့်စ်က “အမေရိကန်ငွေ တစ်ဆင့်မှ အီရန်သို့ သွားမည်မဟုတ်ဘဲ ပြန်လည်ထူ ထောင်ရေး ရန်ပုံငွေများသည် အိမ်နီးချင်းနိုင်ငံများနှင့် အခြားပါဝင်သည့် နိုင်ငံများထံမှသာ လာမည်ဖြစ်ကြောင်း” ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့သည်။
အခြားတစ်ဖက်တွင် အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM)က အီရန်ဆိပ်ကမ်းများအပေါ် ရေတပ်ပိတ် ဆို့ထားမှုကို အပြည့်အဝ ဖယ်ရှားပေးခဲ့သော်လည်း၊ အီရန်ခေါင်း ဆောင်၏ အကြံပေး မိုဆင် ရီဇိုင်း (Mohsen Rezaei)နှင့် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ် (Mohammad Bagher Ghalibaf) တို့ကမူ “အီရန်သည် ရန်သူများ၏ လွှမ်းမိုးမှုကို ရိုက်ချိုးပြီး ပါးရိုက်နိုင်ခဲ့ပြီ။ ဝါရှင်တန်ဘက်က ကတိကဝတ်ချိုးဖောက်ပြီး လွန်ကဲစွာ တောင်းဆိုလာရင် ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမယ်” ဟု သတိပေးခဲ့သည်။
နိုင်ငံရေးလေ့လာဆန်းစစ်သူ ဟာလန် အူလ်မန် (Harlan Ullman) ၏ အဆိုအရ ယခုစာချုပ်ကြောင့် အမေရိကန်သမ္မတ ထရမ်ပ်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့အကြား ဆက်ဆံရေးသည် အလွန်အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိနေသည်။
နေတန်ယာဟုသည် လာမည့် အောက်တိုဘာလ ရွေး ကောက်ပွဲတွင် ၎င်း၏ နိုင်ငံရေးအနာဂတ်ကို ခြိမ်းခြောက်နေသည့် ယခု MoU ကို ဖျက်ဆီးပစ်ရန် ဒေါသတကြီး ကြိုးပမ်းနေပြီး၊ ထရမ်ပ်ကလည်း ၎င်းကသာ အခြေအနေအားလုံးကို ထိန်းချုပ်ထားကြောင်း လူသိရှင်ကြား ကြေညာထားသဖြင့် အမေရိကန်-အစ္စ ရေး မဟာမိတ်ဆက်ဆံရေးသည် ကြီးမားသော တင်းမာမှုများနှင့် ရင်ဆိုင်နေရသည်။
Telegram»…
https://t.me/positiveanglenews
#PAN