ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်နိုင်ငံသို့ 2nd International Forum of the Union State “Great Heritage – Common Future” ဖိုရမ်တက်ရောက်ရန် ထွက်ခွာ

(လွှတ်တော်) ဇွန် ၁၉

ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Igor Sergeyenko နှင့် ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin တို့၏ ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် 2nd International Forum of the Union State “Great Heritage – Common Future” ဖိုရမ်တွင် ပါဝင်တက်ရောက်ရန် ယနေ့ နံနက် ၇ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘယ်လာရုစ်နိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ ပါဝင်ကြသည်။

ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာရာသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခေတ္တဥက္ကဋ္ဌ ဦးနေဝင်းနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ခဲ့ကြသည်။

အဆိုပါ ဖိုရမ်သည် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးနှင့် ယဉ်ကျေးမှု၊ သမိုင်းဆိုင်ရာ အမွေအနှစ်များကို အခြေခံ၍ အနာဂတ် ပူးပေါင်းဖွံ့ဖြိုးတိုးတက်မှုများ ဆွေးနွေးသည့် နိုင်ငံတကာ အခမ်းအနားတစ်ရပ် ဖြစ်ကြောင်း သိရသည်။

#PAN