ထိုင်းနိုင်ငံ ပသမ်ဌာနီရှိ တရားမဝင် အသားထုတ်စက်ရုံကို ဘတ် ၇ သန်း ဖိုးဖမ်းမိ

(နိုင်ငံတကာ) ဇွန် ၁၇

ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA)၊ စားသုံးသူကာကွယ်ရေးရဲတပ်ဖွဲ့ (CPPD)၊ မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် ပသမ်ဌာနီဒေသဆိုင်ရာ ကျန်းမာရေးရုံးတို့ ပူးပေါင်း၍ ပသမ်ဌာနီခရိုင် လတ်ခါးဒေသရှိ တရားမဝင် တာရှည်ခံအသားထုတ်လုပ်သည့် စက်ရုံကို ဇွန်လ ၁၆ ရက်နေ့က ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုတွင် အဆိုပါစက်ရုံအတွင်း စံချိန်စံညွှန်းမမီသော တရားမဝင်ထုတ်လုပ်သည့် အစားအသောက်ပစ္စည်းများကို တွေ့ရှိခဲ့ ကြောင်းသိရသည်။အရာရှိများက ဗီယက်နမ်ဝက်သားလုံး (Moo Yor) အပါအဝင် အသားလုံးအမှတ်တံဆိပ် ၂၀ ကျော်ကို သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း အိတ် ၁၀,၄၁၆ အိတ်ပါဝင်သော ထုတ်ကုန်များ၊ စက်ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများ စုစုပေါင်းတန်ဖိုး ဘတ် ၇ သန်း (ခန့်မှန်းခြေ ကျပ် ၄၆၀ သန်းခန့်) ဖိုး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုင်း FDA က တရားမဝင်ထုတ်လုပ်ထားသော အသားလုံးများနှင့် ဗီယက်နမ်ဝက်သားထုတ်ကုန်များနှင့် ပတ်သက်၍ သတိပေးချက်ထုတ်ပြန်ထားပြီး၊ ထိုင်းကျန်းမာရေးပညာရှင်များကလည်း အဓိကအုပ်စုနှစ်ခုက တရားမဝင်တည်ဆောက်ထားသော စက်ရုံများမှ ထုတ်ကုန်များကို စစ်ဆေးအတည်ပြုပြီးမှသာ ဝယ်ယူကြရန် အကြံပြုထား‌ ကြောင်းသိရသည်။

#PAN