တောင်ကြီး သဲကျင်းဂူဘုန်းကြီးကျောင်းတွင် ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

(မှုခင်း) အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ တောင်ကြီး-အေးသာယာအဆင်း ပြည်ထောင်စုလမ်းဘေးရှိ သဲကျင်းဂူဘုန်းတော်ကြီးကျောင်းဝင်းအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၀ ရက် နေ့လယ် ၁ နာရီခန့်က ဘုန်းကြီးကျောင်းတိုက်အတွင်းရှိ သံဃာနားနေဆောင်တွင် ဘုရားမီးပူဇော်ထားသည့် ဖယောင်းတိုင်မီးမှတစ်ဆင့် အဆောက်အအုံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် သွပ်မိုး၊ အုတ်ကာ နံကပ်တစ်ထပ်အဆောက်အအုံနှင့် သံဃာအသုံးအဆောင်ပစ္စည်းများ မီးလောင်ပျက်စီးခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၀ သိန်းခန့်ရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် ၆ စီး၊ ရေသယ်ယာဉ် ၁ စီးတို့ဖြင့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN