ရဲတပ်သားတစ်ဦး ငလိုက်လက်တံရေမြောင်းအတွင်း ရေဆင်းချိုးစဉ် ပျောက်ဆုံးနေ၍ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရ

(ပြည်တွင်း) ဇွန် ၁၂

နေပြည်တော် ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်းကျေးရွာအနီးရှိ ငလိုက်လက်တံရေမြောင်းအတွင်း ရေဆင်းချိုးစဉ် ရဲတပ်သားတစ်ဦး ရေမြောင်းပြွန်အတွင်း ဝင်ရောက်ပျောက်ဆုံးသွားသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ကနဦးသတင်းများအရ ဇွန် ၁၁ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် တိုင်းအကူတပ်ခွဲမှ ပျဉ်းမနားမြို့နယ်မှူးရုံးသို့ တာဝန်ချထားသည့် ရဲတပ်သား ဆက်ပိုင်စိုးအပါအဝင် ရဲတပ်သားခြောက်ဦးသည် ပျဉ်းမနားမြို့မရဲစခန်းအနီးမှ အိုးဝေယာဉ်ငှားရမ်း၍ ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ ငလိုက်လက်တံရေမြောင်းသို့ သွားရောက်ကာ ရေဆင်းချိုးခဲ့ကြောင်း သိရသည်။

ယင်းသို့ ရေဆင်းချိုးနေစဉ် ညနေ ၅ နာရီခွဲခန့်တွင် ရဲတပ်သား ဆက်ပိုင်စိုးမှာ ရေမြောင်းပြွန်အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး ပြန်လည်ထွက်ပေါ်လာခြင်းမရှိတော့သည့်အတွက်ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

#PAN