
(ပြည်တွင်း)ဇွန် ၁၁
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) က အထည်ချုပ်ကုမ္ပဏီများနှင့် စက်ရုံများအနေ ဖြင့် ကုန်ကြမ်းများ ဆိပ်ကမ်းသို့ မရောက်ရှိမီ CMP သွင်း ကုန်လိုင်စင်များကို ကြိုတင်လျှောက်ထားကြရန် ဇွန်လ ၈ ရက်စွဲဖြင့် အရေးကြီးသတိ ပေးချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။
အသင်း၏ ထုတ်ပြန်ချက်အရ CMP သွင်းကုန်လိုင်စင်တစ်ခုရရှိရန် ခန့်မှန်းခြေအားဖြင့် နှစ်ပတ် (၁၄ ရက်) ခန့် ကြာမြင့်တတ်သဖြင့်၊ သွင်းကုန်လုပ်ငန်းစဉ်များ ကြန့်ကြာမှုမရှိဘဲ အဆင်ပြေချောမွေ့စေရန်အတွက် စက်ရုံများအနေ ဖြင့် အချိန်ဇယားကို သေချာစွာ တွက်ချက်ပြင်ဆင်ထားရန် လိုအပ်ကြောင်း သိရသည်။
MGMA သည် CMP သွင်းကုန်/ပို့ကုန်ကြီးကြပ်ရေး ဆပ် ကော်မတီကိုယ်စား CMP သွင်းကုန်လိုင်စင်များအတွက် ထောက် ခံချက်များကို စိစစ်ပေးလျက်ရှိသည်။လျှောက်ထားလွှာများကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၏ Tradenet 2.0 အွန်လိုင်းစနစ်မှတစ်ဆင့် ဆောင်ရွက်ရသည်။
သွင်းကုန်လိုင်စင်များ လျှောက်ထားရာတွင် ကုန်သည်များ သည် ဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာရမည်ဖြစ်ပြီး၊ ကုန်ကြမ်းများ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်ကာလကို ခန့်မှန်းတွက်ချက်၍ CMP သွင်းကုန်လိုင်စင်ကို လျှောက် ထားရမည်ဖြစ်သည်။
ထို့ပြင် အင်ဗွိုက်စ် (Invoices) နှင့် အရောင်းအဝယ် စာချုပ်များတွင် ဖော်ပြထားသည့် CIF တန်ဖိုး၊ အထည်အလိပ် အရေ အတွက်နှင့် CMP-FOB တန်ဖိုးများ လွဲမှားမှုမရှိစေရန်၊ HS Code ကိုက်ညီမှုရှိစေရန်နှင့် ကုန်ကြမ်းများနှင့် ကုန်ချောများ၏ သက်ဆိုင်ရာ တန်ဖိုးများ မှန်ကန်စေရန် ဆောင်ရွက်ရမည့်အပြင်၊ အသုံးမပြုရသေးသည့် သွင်း ကုန်လိုင်စင်များကို ပြန်လည်အပ်နှံရမည်ဖြစ်သည်။
Telegram»…
https://t.me/positiveanglenews
#PAN