သံဖြူဇရပ်မြို့အဝင်တွင် ဒူးရင်းသီးတင်ယာဥ် တိမ်းမှောက်

(မှုခင်း) ဇွန် ၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ဝယ်ကရာကျေးရွာအနီးတွင် ဒူးရင်းသီးများတင်ဆောင်လာသည့်တွင် မော်တော်ယာဥ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဇွန် ၄ ရက် ညနေ့ ၃ နာရီခွဲခန့်က ရေးမှဒူးရင်းသီးတင်လာသည့်ကား စလစ်ဖြစ်ပြီးမှောက်သွားခဲ့ကြောင်း သိရသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဥ်နောက်လိုက် ထိခိုက်ဒဏ်ရာရရှိသွားသဖြင့် သံဖြူဇရပ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။