ဓာတ်တိုင်မှ လျှပ်စစ်ဝါယာရော့ဖြစ်ပြီး နေအိမ် ၁ လုံးနှင့် ဆိုင်ခန်း ၅ခန်း မီးလောင်ဆုံးရှုံး

(မှုခင်း) ဇွန် ၂

နေပြည်တော် ပျဉ်းမနားမြို့၊ရွှေချီရပ်ကွက် ၊၉ လမ်းရှိ လူနေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဇွန်လ ၄ရက်နေ့ ည၁၁နာရီကျော်အချိန်က ရွှေချီရပ်ကွက် ၊၉ လမ်းရှိ ဓာတ်တိုင်မှ လျှပ်စစ်ဝါယာရော့ဖြစ်ပြီး ဦးခင်မောင်လတ် ၊၆၅ နှစ်၊(ဘ) ဦးစိုးလင်း၊အမှတ် ၅/၂၀၊ ရွှေချီရပ်ကွက် ၊ပျဉ်းမနားမြို့နေသူ ပိုင်သော
အလျား ၈ပေ၊ အနံ ၄၀ ပေရှိ ထရံကာ၊သွပ်မိုအိမ်နှင့်
၎င်းနောက်အနီးရှိငှာရမ်းဖွင့်လှစ်ထားသော စျေးဆိုင်ခန်း၅ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်သည့်နေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ပြည်သူများ မီးသတ်ယာဉ် ၆ စီး၊ရေသည်ယာဉ် ၃စီးတို့ဖြင့် မီးငြိမ်းသတ်လးခဲ့ရာ ည ၁၁နာရီခွဲ ချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။