
(နိုင်ငံတကာ)မေ ၂၉
အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ၉၁ ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့ပြီး၊ နှစ်ဖက်စလုံးသည် လက်ရှိလုံခြုံမှုမရှိလှသည့် အပစ်အခတ်ရပ်စဲရေးကို ရက်ပေါင်း ၆၀ ထပ်မံသက်တမ်းတိုးရန်နှင့် အီရန်၏ နျူကလီးယားအစီအစဉ်အပေါ် တရားဝင်ဆွေးနွေးပွဲများ စတင်ရန် သဘောတူညီချက်တစ်ခု ရရှိလု နီးပါးဖြစ်နေပြီဖြစ်ကြောင်း သိရသည်။
သတ်မှတ်ထားသော လျာထားချက်မူဘောင်အရ ဟော်မုဇ်ရေလက်ကြားကို ကန့်သတ်ချက်မရှိ ပွင့်လင်းစွာထားရှိရန် အီရန် ဘက်က ရေမှိုင်းများဖယ်ရှားရန်နှင့် အမေရိကန်ဘက်က ရေတပ်ပိတ်ဆို့မှုများ ရုပ်သိမ်းရန် ပါဝင်သော် လည်း၊ လက်ရှိအချိန်ထိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုလက်မှတ်ရေး ထိုးခြင်း မပြုရသေးကြောင်း ‘အယ်လ်ဂျာဇီးရား’ သတင်းက ဆိုသည်။
ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်သည်လည်း ယခုစစ်ပွဲရပ်တန့်ရေး ကြားဝင်စေ့စပ်ရန်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် တွေ့ဆုံရန် ဝါရှင်တန်သို့ သွားရောက်မည်ဖြစ်သည်။
သံတမန်ရေးအရ စေ့စပ်ညှိနှိုင်းမှုများ ရှိနေသော်လည်း ပင်လယ်ကွေ့ဒေသတွင်း စစ်ရေးတင်းမာမှုများမှာမူ လျော့ကျသွားခြင်း မရှိသေးပေ။ ကူဝိတ်နိုင်ငံဆီသို့ ဦးတည်ပစ်ခတ်လာသည့် ဘာလစ္စတစ်ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဟန့်တားခဲ့ရပြီးနောက် ကူဝိတ်နှင့် ယူအေအီး (UAE)တို့က အီရန်၏ ရန်စမှုကို ပြင်းထန်စွာ ရှုတ်ချခဲ့ကြသည်။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ကမူ အမေရိကန်တပ်များ အသုံးပြုနေသည့် စစ်အခြေစိုက်စခန်းကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်အစိုးရက အီရန်စစ်တပ်ကို ရန်ပုံ ငွေပံ့ပိုးနေသည့် ဟောင်ကောင်အခြေစိုက် ကုမ္ပဏီများအပါ အဝင် ရေနံသယ်ယူပို့ဆောင်ရေးကွန်ရက်များကို ပိတ်ဆို့အရေးယူမှုအသစ်များ တိုးမြှင့်ချမှတ်လိုက်သည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဂါဇာကမ်းမြောင် ဒေသ၏ ၇၀ ရာခိုင်နှုန်းအထိ စစ်တပ်ကို တိုးမြှင့်သိမ်းပိုက်ရန် ညွှန်ကြားလိုက်သဖြင့် ပါလက်စတိုင်းဒုက္ခသည် ၂ သန်းကျော် နေရပ်ပျောက်မည့်အရေး စိုးရိမ်မှုများ မြင့်တက်နေသည်။ ထို့ပြင် လက်ဘနွန်တောင်ပိုင်းနှင့် ဘေရွတ်မြို့အနီးသို့ အစ္စရေးက လေကြောင်းစီးနင်းမှုများ ပြုလုပ်ခဲ့ရာ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ရပြီး၊ ဟစ်ဇ်ဘိုလာနှင့် အပစ်ရပ်ထားသော်လည်း စစ်ရေးအရ အရှိန်မြင့်တက်လာနေကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN