ဆွေးနွေးပွဲများ ပြန်စရန်ပြင်ဆင်စဉ် အစ္စရေးက လက်ဘနွန်တောင်ပိုင်းကို စစ်ဆင်ရေး အရှိန်မြှင့်၊ အပြစ်မဲ့မိသားစုဝင်များအပါအဝင် အနည်းဆုံး ၁၆ ဦး သေဆုံးပြီး အစုလိုက်ပြုံလိုက် ထွက်ပြေးနေရ

(နိုင်ငံတကာ)မေ ၂၈

    ​​​​​အမေရိကန်က ကြားဝင်စေ့စပ်ပေးမည့် စစ်ရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေသည့် ကြာသပတေး နေ့တွင် အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်းတစ်ခွင် ၎င်း၏ လေ ကြောင်းဗုံးကြဲမှုနှင့် တိုက်ခိုက်မှုများကို မကြုံစဖူး အရှိန်မြှင့်လုပ် ဆောင်ခဲ့ရာ၊ ကလေးငယ်များနှင့် အရပ် သားအများအပြားအပါ အဝင် အနည်းဆုံး လူ ၁၆ ဦး သေ ဆုံးပြီး ၅၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာ ရေးဝန်ကြီးဌာနနှင့် ဒေသခံအာ ဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

     လက်ဘနွန်နိုင်ငံပိုင် အမျိုးသားသတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သေဆုံးသူများထဲတွင် ဆိုင်ဒွန်နှင့် တိုင်ယာမြို့ကို ဆက်သွယ်ထားသည့် အဓိကလမ်းမကြီး (Adloun Highway) အတိုင်း အရုဏ်တက်ချိန်တွင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်ရန် ကြိုးပမ်းနေသည့် မိသားစုတစ်ခုတည်းမှ အဖွဲ့ဝင် ၆ ဦးစလုံး အစ္စရေးဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသည်။

     ထို့ပြင် နာဘာတီးယား (Nabatieh)ဒေသတွင်း တိုက်ခိုက်မှုတွင်လည်း လက်ဘနွန်အစိုးရစစ်တပ်မှ စစ်သည်တစ်ဦး ထပ်မံသေဆုံးခဲ့ရပြီး၊ ယင်းသည် မတ်လဆန်းပိုင်းမှစတင်ကာ စစ်ဘက်ဝန်ထမ်းများကို အစ္စရေးက တစိုက်မတ်မတ် ပစ်မှတ်ထားလာသည့် ဖြစ်စဉ်များထဲမှ နောက်ဆုံးတစ်ခု ဖြစ်သည်။

     အစ္စရေးစစ်တပ်သည် တိုင်ယာ (Tyre)မြို့နှင့် ပတ်ဝန်း ကျင်ဒေသအမြောက်အမြားရှိ ပြည်သူများအား နယ်စပ်မှ ၂၅ မိုင်ခန့်ကွာဝေးသော ဇာဟ်ရာနီမြစ်၏ မြောက်ဘက်သို့ ချက်ချင်းရွှေ့ ပြောင်းကြရန် လူမှုကွန်ရက်မှတစ်ဆင့် ပစ် မှတ်အဆောက်အအုံပုံစံများနှင့်တကွ အမိန့်ထုတ်ပြန်ခဲ့သည်။ ယင်းကြောင့် ထောင် ပေါင်းများစွာသော ဒေသခံများသည် စစ်ဘေးဒဏ်အောက်တွင် အဝတ်တစ်ထည်ကိုယ်တစ် ခုဖြင့် မြို့ပြများကို စွန့်ခွာထွက်ပြေးနေကြရသဖြင့် တိုင်ယာမြို့မှာ ဆိတ်ငြိမ်ခြောက်ကပ်သွားခဲ့ပြီး ညတွင်း ချင်း လေကြောင်းတိုက်ခိုက်မှု ပေါင်းတစ်ဒါဇင်ကျော် ဖြစ် ပွားခဲ့သည်။

     ပြီးခဲ့သည့်လက အမေရိကန်၏ ကြားဝင်စေ့စပ်မှုဖြင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် မြေပြင်တွင် စာရွက်ပေါ်ကမှင်စက်သက်သက်သာဖြစ်ခဲ့ပြီး ယခုနောက် ဆုံး ၃ ရက်၊ ၄ ရက်အတွင်း တိုက်ခိုက်မှုများ သည် ယခုနှစ်အတွင်း အပြင်းထန်ဆုံးဖြစ်ကြောင်း အယ်လ်ဂျာဇီးရားသတင်းဌာနက ဆိုသည်။

     အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကလည်း အစ္စရေး၏ မြို့ပြဗဟိုချက်များအပေါ် စစ်ဆင်ရေးနှင့် အတင်း အဓမ္မ ရွှေ့ပြောင်းခိုင်းမှုများသည် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေကြောင်း သတိပေးထား သည်။

     ကြာသပတေးနေ့တွင် နည်းပညာဆိုင်ရာ ဆွေးနွေးမှုများဖြင့် နှစ်ဖက်ဆွေးနွေးပွဲများ ပြန်စရန် စီစဉ်ထားသော်လည်း အစ္စရေး ၏ စစ်ရေးအရှိန်မြှင့်တင်မှုများကြောင့် သံတမန်ရေးရာလမ်း ကြောင်း ပျက်ပြားသွားနိုင်သည့်အပေါ် နိုင်ငံ တကာက စိုးရိမ်ပူပန်နေကြသည်။

Telegram»…
https://t.me/positiveanglenews

#PAN