ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာအနီးတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦး သေဆုံး

(မှုခင်း) မေ ၂၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ အတွင်း ယနေ့နံနက်အစောပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဘီးလင်းမြို့နေ အသက် ၂၉ နှစ်အရွယ် ဦးထွန်းထွန်းသည် ယာဉ်ဖြင့် သထုံမြို့မှ ဘီးလင်းမြို့သို့ ပြန်လာစဉ် ရန်ကုန်–မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၆၇/၄) နှင့် (၆၇/၅) ကြား ဒေါက်ရပ်ကျေးရွာ အထက်တန်းကျောင်းရှေ့အ‌ေရ က်တွင် KNLA/PDFအကြမ်းဖက်အဖွဲ့မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခြင်းကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

KNLA/PDFအကြမ်းဖက်အဖွဲ့မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခြင်း‌ကြောင့် ဦးထွန်းထွန်းတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ ၁ချက်၊ယာလက်မောင်းဖေါက်ဝင်ဒဏ်ရာ ၁ချက်တို့ရရှိပြီးသေဆုံးသွားခဲ့ခြင်းဖြစ်‌ေကြာင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ဒါနသုခ လူမှုကူညီရေးအသင်းပိုင်ယာဉ်ဖြင့် ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာအနီးတစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။