လှည်းကူးမြို့နယ်တွင် ရွေ့လျားဆေးကုသရေးနှင့် အထည်ချုပ်စက်ရုံ လုပ်ငန်းများ လိုက်လံကြည့်ရှုအားပေး

(ကျန်းမာရေး) မေ ၂၈


ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး သည် ယနေ့နံနက်ပိုင်းတွင် လှည်းကူးမြို့နယ် လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများ၏ သားသမီး ၁၀၀၀ ဦးအတွက် ဖွင့်လှစ်သင်ကြားပေးနေသော ယဉ်ကျေးလိမ္မာသင်တန်း၌ ရွေ့လျားဆေးကုသရေးအဖွဲ့၏ ကွင်းဆင်းဆေးကုသမှုလုပ်ငန်းများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ရွေ့လျားဆေးကုသရေးအဖွဲ့တွင် အထူးကုဆရာဝန်ကြီး ၃ ဦး၊ လက်ထောက်ဆရာဝန် ၇ ဦးအပါအဝင် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၂၅ ဦးတို့ဖြင့် လူမှုဖူလုံရေးအကျုံးဝင် အလုပ်သမားများနှင့် ၎င်းတို့၏သားသမီးများအား ကျန်းမာရေးစမ်းသပ်စစ်ဆေးခြင်း၊ နောက်ဆက်တွဲရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ အမူအကျင့်များ အသိပေးပြောကြားခြင်းနှင့် ဆေးဝါးများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လှည်းကူးမြို့နယ်ရှိ G&F (Myanmar) Garment Co., Ltd. အထည်ချုပ်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းစွာဖြင့် ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

#‌PAN