မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် သစ်ပင်လဲကျမှု ဖြစ်ပွား

(မိုး/ဇလ) မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်တော်ကလေးရပ်ကွက်၊ ၉၁ လမ်းတွင် ယနေ့ နံနက် ၆ နာရီ ၄၈ မိနစ်ခန့်ကသစ်ပင်တစ်ပင် လဲကျနေကြောင်း သိရသည်။

အဆိုပါသစ်ပင်လဲကျသည့် နေရာသို့ မင်္ဂလာတောင်ညွှန့်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် သွားရောက်ကာ လဲကျနေသော သစ်ပင်အား ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် လူနှင့်နေအိမ် ထိခိုက်ပျက်စီးမှု မရှိကြောင်းနှင့် လမ်းသွားလမ်းလာများ အဆင်ပြေစေရန် မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။