လေပြင်းတိုက်ခတ်မှုကြောင့် နေပြည်တော်ရှိ မြို့နယ်အများအပြား ထိခိုက်ပျက်စီး

(မိုး/ဇလ) ဧပြီ ၂၉

နေပြည်တော်ကောင်စီနယ်မြေအတွင်း ယမန်နေ့ ညနေ၄နာရီခွဲခန့်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ပျဉ်းမနားနှင့် လယ်ဝေးမြို့နယ်များတွင် ထိခိုက်ပျက်စီးမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေပြင်းဒဏ်ကြောင့် ဓာတ်တိုင်များပြိုလဲခြင်း၊ သစ်ပင်ကြီးများ လဲကျကာ လျှပ်စစ်ဓာတ်အားလိုင်းများ၊ အဆောက်အအုံများနှင့် မော်တော်ယာဉ်များပေါ် ပိမိခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် အချို့လမ်းပိုင်းများတွင် သွားလာရေး အခက်အခဲများကြုံတွေ့ခဲ့ရကြောင်းသိရသည်။

အဆိုပါ ပျက်စီးမှုများအား နေပြည်တော်ရှိ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာအဖွဲ့စည်းများမှ ပူးပေါင်းကာ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

#PAN