ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာချင်းဆက်တံတားများ လှည့်လည်ကြည့်ရှု

(ပြည်တွင်း) ဧပြီ ၂၇

ဘိုကလေးမြို့နယ် နှင့် မော်လမြိုင်ကျွန်းမြို့နယ် အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ထားသည့် ကျေးရွာချင်းဆက်တံတားများကို ယနေ့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၊ ကော်မတီဝင် ဦးလှသန်းဦး၊ ရဲမှူး ဦးအောင်မင်းနှင့် ဘိုကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးဇင်ဘိုဘိုမောင်တို့ ပါဝင်သော အဖွဲ့သည် နေ့လည် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ကွင်းကြီးကျေးရွာအုပ်စုသို့ ရေယာဉ်ဖြင့် ထွက်ခွာခဲ့ကြသည်။

ထို့နောက် မော်လမြိုင်ကျွန်းမြို့နယ် အတွင်းရှိ ဒနင်းကျေးရွာနှင့် လှည်းဆိပ်ကျေးရွာတို့တွင် ပြုပြင်ဆောင်ရွက်လျက်ရှိသည့် တံတားများကိုလည်းကောင်း၊ ဘိုကလေးမြို့နယ် အတွင်းရှိ တုံးလှဲကျေးရွာအုပ်စု၊ ကွင်းပုန်းကြီးကျေးရွာအုပ်စု၊ ကုလားအုန်းပင်စုကျေးရွာအုပ်စုနှင့် ကံစုအနောက်ကျေးရွာအုပ်စုတို့တွင် တည်ဆောက်ပြီးစီးထားသည့် ကျေးရွာချင်းဆက်တံတားများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် တံတားများ၏ တည်ဆောက်ပြီးစီးမှုအခြေအနေ၊ အသုံးပြုနိုင်မှုနှင့် ရေရှည်တည်တံ့စေရေးအတွက် လိုအပ်သည့် အချက်အလက်များကို လေ့လာသုံးသပ်ခဲ့ကြသည်။

#PAN