ပါလက်စတိုင်းလိုလားသည့် ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ အမေရိကန် ပရော်ဖက်ဆာများက တက္ကသိုလ်ကို တရားစွဲဆို

(နိုင်ငံတကာ) ဧပြီ ၂၄

     ​အမေရိကန်ပြည်ထောင်စု၊ အတ္တလန်တာမြို့ရှိ နာမည်ကြီး အီမိုရီတက္ကသိုလ် (Emory University) မှ အမြဲတမ်းပရော်ဖက်ဆာ သုံးဦးသည် ပြီးခဲ့သည့်နှစ်အတွင်း ကျောင်းဝင်းအတွင်း ဖြစ်ပွားခဲ့သော ဂါဇာစစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ၎င်းတို့အား မတရားဖမ်းဆီးခဲ့မှုအတွက် တက္ကသိုလ်အာဏာပိုင်များကို အရပ်ဘက်တရားရုံး၌ တရားစွဲဆိုလိုက်သည်။

​     ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် အီမိုရီတက္ကသိုလ်ကျောင်းသားများက ဂါဇာစစ်ပွဲကို ကန့် ကွက်ရန် တဲများထိုး၍ ဆန္ဒပြခဲ့ကြသည်။ ထိုစဉ် တက္ကသိုလ်အာဏာပိုင်များက ရဲတပ်ဖွဲ့ကို ခေါ်ယူကာ အင်အားသုံးလူစုခွဲခဲ့ရာ ပရော်ဖက်ဆာ သုံးဦးအပါ အဝင် လူပေါင်း ၂၈ ဦး ဖမ်းဆီးခံခဲ့ရသည်။

ပရော်ဖက်ဆာ Noelle McAfee သည် ရဲတပ်ဖွဲ့၏ ကြမ်းတမ်းစွာဖမ်းဆီးမှုကို “ရပ်တန့်ရန်” အော်ဟစ်ခဲ့၍ ဖမ်းဆီးခံခဲ့ရပြီး ပရော်ဖက်ဆာ Caroline Fohlin မှာ ရဲများ၏ အကြမ်းဖက်မှုကို ကန့်ကွက်စဉ် မြေပြင်ပေါ်သို့ မျက်နှာနှင့်စိုက်လျက် ပစ်ချခံခဲ့ရပြီး ဦးနှောက်တုန်ခါခြင်းနှင့် ခါးရိုးဒဏ်ရာများ ရရှိခဲ့သည်။ ပရော်ဖက်ဆာ Emilio Del Valle-Escalante သည်အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးကို ကူညီရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံခဲ့ရသည်။

​     ပရော်ဖက်ဆာများက တက္ကသိုလ်သည် ၎င်း၏ ကိုယ်ပိုင် “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မူဝါဒ” ကို ချိုးဖောက်ခဲ့ကြောင်း၊ ဖမ်းဆီးခံရသူအများစုမှာ ပြင်ပလူများဖြစ်သည်ဟု တက္ကသိုလ်က လိမ်လည်ပြောဆိုခဲ့ကြောင်း (အမှန်တကယ်တွင် ၂၈ ဦးအနက် ၂၀ ဦးမှာ ကျောင်းနှင့်ပတ်သက်သူများဖြစ်သည်) နှင့် ၎င်းတို့အနေဖြင့် ဥပဒေကြောင်းအရ ရင်ဆိုင်ခဲ့ရသည့် ကုန် ကျစရိတ်များကို ပြန်လည်ပေးလျော်ရန် တောင်းဆိုထား သည်။

​     ယခုအခါ အီမိုရီတက္ကသိုလ်သည် ဆန္ဒပြပွဲဆိုင်ရာ စည်းမျဉ်းများကို ပိုမိုတင်းကျပ်လိုက်သဖြင့် ကျောင်း သားများအကြား ဆန္ဒပြရန် ကြောက်ရွံ့မှုများ ရှိနေကြောင်း ပရော်ဖက်ဆာ မက္ကဖီက ဆိုသည်။ တက္ကသိုလ်ကမူ ယခုတရားစွဲဆိုမှုသည် အခြေအမြစ်မရှိဘဲ ကျောင်းဝင်းဘေးကင်းလုံခြုံရေးအတွက် လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။

​#EmoryUniversity #FreeSpeech #GazaProtests #UniversityLawsuit #AcademicFreedom #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN