
(နိုင်ငံတကာ) ဧပြီ ၁၇
အစ္စရေးနှင့် လက်ဘနွန်တို့အကြား ၁၀ ရက်ကြာ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်သက်ရောက်ပြီးနောက်၊ တစ်လကျော်ကြာ နေရပ်စွန့်ခွာခဲ့ရသည့် လက်ဘနွန်ပြည်သူ သောင်းနှင့်ချီ၍ ၎င်းတို့၏ နေရပ်မြေရှိရာ တောင်ပိုင်းဒေသများသို့ သောကြာနေ့တွင် စတင်ပြန်လည်ဝင်ရောက်လာကြပြီဖြစ်သည်။
နေရပ်ပြန်လာသူအများစုသည် အစ္စရေး၏ ပြင်း ထန်သော လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် ပျက်စီးယိုယွင်းနေသည့် နာဘာတီးယား (Nabatieh) နှင့် တိုင်ယာ (Tyre) ကဲ့သို့သော ဒေသများသို့ ပြန်လာကြခြင်းဖြစ်သည်။ “ဘယ်ကိုကြည့်ကြည့် ပျက်စီးနေတာပဲ မြင်ရတယ်၊ နေထိုင်ဖို့တောင် မဖြစ်နိုင်တော့ဘူး” ဟု နေရပ်ပြန်လာသူအချို့က ဆိုသော် လည်း၊ ၎င်းတို့၏ မြေယာများကို စွန့်လွှတ်မည်မဟုတ်ကြောင်း ပြသရန်အတွက် ယခုကဲ့သို့ ပြန်လာကြခြင်းဖြစ်သည်ဟု သိရသည်။
အပစ်ရပ်စဲရေး စတင်နေပြီဖြစ်သော်လည်း အခြေ အနေမှာ အလွန်ပင် မခိုင်မြဲသေးပေ။ လက်ဘနွန်စစ်တပ်က ပြည်သူများအနေဖြင့် အန္တရာယ်ကင်းရှင်းရေးအတွက် နေရပ်ပြန်ရန် အချိန်အနည်းငယ် ဆိုင်းငံ့ထားကြရန် တိုက်တွန်းထားသည်။ မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများ ရှိနေဆဲဖြစ်သည်။
ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း အစ္စရေးဘက်က ချိုးဖောက်မှုများရှိလာပါက တုံ့ပြန်ရန် အသင့်အနေ အထား(Finger on the trigger)တွင် ရှိနေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှရစ်ဖ်က ယခုအပစ်ရပ်စဲရေးကို ကြိုဆိုခဲ့ပြီး ရေရှည်ငြိမ်းချမ်းရေးအတွက် လမ်းခင်းပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ အီရန်သုတေသီများကမူ ယခုကဲ့သို့ လက်ဘနွန်တွင် တိုက်ပွဲများရပ်တန့်ခြင်းသည် အမေရိကန်နှင့် အီရန်အကြား ပိုမိုကျယ်ပြန့်သော ဆွေးနွေးမှုများအတွက် အဓိက အဟန့်အတားတစ်ခုကို ဖယ်ရှားပေးလိုက်ခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။
လက်ရှိတွင် သမ္မတ ဒေါ်နယ်ထရန့်သည် အစ္စရေးနှင့် လက်ဘနွန်ခေါင်းဆောင်များကို အိမ်ဖြူတော်သို့ ဖိတ်ခေါ်ထားပြီး၊ ဤ ၁၀ ရက်တာကာလအတွင်း ရေရှည်တည်တံ့သော အဖြေတစ်ခုရရှိရန် သံတမန်ရေးအရ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီ ဖြစ်ပါသည်။
#LebanonCeasefire #SouthLebanon #Nabatieh #Hezbollah #DonaldTrump #MiddleEastPeace #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN