(ပြည်တွင်း) ဧပြီ ၁၇
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့၊ အမှတ်(၂)ရပ်ကွက် ကမ်းနားလမ်းရှိ မဏ္ဍပ်တွင် ၂၀၂၆ ခုနှစ် ဧပြီ ၁၇ ရက် နံနက် ၀၇:၀၀ နာရီတွင် မြန်မာနှစ်ဆန်းတစ်ရက် အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် မိခင်ကလေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ပူဇော်ကန်တော့ပွဲတွင် ရပ်ကွက် ၃ ရပ်ကွက်မှ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း ၃၀ ဦးအား ဂါရဝပြုကန်တော့ခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ တစ်ဦးလျှင် ၃၀,၀၀၀ ကျပ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ တစ်ဦးလျှင် ၁၀,၀၀၀ ကျပ်၊ မြို့မိမြို့ဖ ဦးတင်မောင်လင်းမှ တစ်ဦးလျှင် ၂၀,၀၀၀ ကျပ်နှင့် ဦးကိုကိုလေးနှင့် ဒေါ်မြဆင့်တို့မှ တစ်ဦးလျှင် ၂၀,၀၀၀ ကျပ်တို့ဖြင့် စုစုပေါင်း တစ်ဦးလျှင် ၈၀,၀၀၀ ကျပ်နှုန်းဖြင့် လှူဒါန်းခဲ့ကြပြီး စုစုပေါင်း ကျပ် ၂,၄၀၀,၀၀၀ ကို ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သက်ကြီးဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးမှ ဆုတောင်းမေတ္တာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။
#PAN